Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 20, 2015

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေ ပိုင်ဆိုင်မှု စစ်ဆေးခံရမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၀ ရက်နေ့က တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေး ဖွင့်လှစ်ပွဲမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/ RFA
၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းတွေဟာ မိမိတို့ရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို စစ်ဆေးခံနိုင်ရမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေအပြင် ဇနီး ၊ ခင်ပွန်း၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးခံရ မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ အန်အယ်လ်ဒီ ဗဟိုကော်မတီ အစည်းအဝေး ဖွင့်လှစ်ပွဲမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

"ကျမတို့ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်တဲ့နေရာမှာ အရင်တုန်းကမလုပ်ဖူးတဲ့ မထားဖူးတဲ့ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေ ထားမှာဖြစ်ပါတယ်၊ ဥပမာအားဖြင့် ဆိုရင် ကိုယ်စားလှယ်လောင်း များအားလုံးဟာ မိမိတို့ရဲ့မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ စာရင်း၊ မိမိတို့ရဲ့ဇနီး၊ ခင်ပွန်းများရဲ့မရွှေ့ပြောင်းနိုင် တဲ့ ပစ္စည်းများစာရင်း၊ မိမိတို့ရဲ့ ၁၈ နှစ်အောက် သားသမီးများနာမည်နဲ့ရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများ စာရင်းကို တင်သွင်းရမှာဖြစ်ပါတယ်"

ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တဲ့အခါ ရွေးကောက်ပွဲပြီး တိုင်းပြည်အကျိုး အတွက် ဘယ်လောက်များ တာဝန်ထမ်းဆောင်ပေးနိုင်သလဲဆိုတဲ့ အရည်အချင်းသတ်မှတ်ချက်အပေါ် အခြေခံရွေးချယ်သွားမှာဖြစ် ပြီး ရွေးချယ်တဲ့အခါ ပါတီဝင်တွေ သာမကပဲ အပြင်က အရည်ချင်းရှိပြီး တိုင်းပြည်အကျိုး အလုပ်အကျွေးပြုလို သူ တွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံတည်ငြိမ်မှုရှိရေးဟာ အရေးကြီးကြောင်းနဲ့ နိုင်ငံတည်ငြိမ်မှု မရှိဘူးဆိုပြီး ရွေးကောက်ပွဲ လမ်းလွဲသွားမှာကို မဖြစ်စေချင်ကြောင်း ပါတီဝင်တွေနဲ့ ပြည်သူလူထုကို အသိပေး လိုကြောင်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment