Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 21, 2015

နယူးယောက်အကျဉ်းထောင်မှ ထောင်ပြေး ၂ ဦးကို အင်အားအလုံးအရင်းဖြင့် ပိုက်စိပ်တိုက်ရှာဖွေနေ


အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် အနောက်ပိုင်းက မြို့တမြို့မှာ ရဲအဖွဲ့က နာမည်ကြီး
 ထောင်ပြေး ၂ ဦးကို ရှာဖွေနေပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်က ကလင်တန် အကျဥ်းထောင်ကနေ ထောင်ဖောက်ထွက်ပြေးသွားတဲ့ အသက် ၄၈ နှစ်အရွယ် ရစ်ချက် မတ်နဲ့ အသက် ၃၄ နှစ်အရွယ် ဒေးဗစ် ဆွပ်တို့ကို ဟိုနား ဒီနားမှာ တွေ့ရတယ်ဆိုတဲ့ သတင်းတွေ အရင်ရက်တွေကလည်း ထွက်ပေါ်ခဲ့ပါတယ်။
အရင်က နယူးယောက်အကျဥ်းထောင်ကနေ ထွက်ပြေးသွားတဲ့ ထောင်သားတွေကို ၃ ရက်အတွင်းမှာပဲ ဖမ်းဆီးနိုင်ခဲ့ပေမယ့် အခုတခေါက်မှာတော့ လူသတ်တရားခံ ၂ ယောက်ကို ဖမ်းဖို့ အင်အားအလုံးအရင်းနဲ့ ပိုက်စိပ်တိုက် ရှာဖွေခဲ့ပေမယ့် မမိသေးပါဘူး။
အခုဆိုရင် ရှာဖွေနေတာ ၁၅ ရက်ရှိနေပြီး ရှာဖွေရေး နယ်မြေကိုလည်း တနိုင်ငံလုံးကို ဖြန့်ကျက်ထားလိုက်ပါပြီ။
ဒါပေမယ့် တော်တော်များများကတော့ ထောင်ပြေး ၂ ယောက်ဟာ တောတောင် ထူထပ်တဲ့ နယူးယောက်ပြည်နယ်ထဲက အတ်ဒီရွန်ဒတ် တောင်တန်းဒေသနဲ့ ဗာမောက်ပြည်နယ်ထဲက ဂရင်းတောင်တန်း ဒေသမှာ ပုန်းနေနိုင်တယ်လို့ ခန့်မှန်းပါတယ်။
DVB

No comments:

Post a Comment