ဆီရီးယား နိုင်ငံက လာတဲ့ သတင်းတွေ အရ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ရှေးဟောင်း ပါလ်မိုင်းရား မြို့ က ယဉ်ကျေးမှု အမွေအနှစ် အကြွင်းအကျန် တွေ ရဲ့ ပတ်ချာလည် မှာ ဖောက်ခွဲရေး ပစ္စည်း တွေ မြှုပ်နှံ ထား
တယ် လို့ သိရပါတယ်။
အခုလို ဗုံးတွေ မြှုပ်နှံ တာ ဟာ အဲဒီ့ ရှေး လက်ရာ တွေ ကို ဖျက်စီးဖို့ ပြင်ဆင် နေကြတာလား၊ ပါလ်မိုင်းရား ဆီ ဦးတည် ချီတက်လာ တဲ့ ဆီးရီးယား အစိုးရ တပ်တွေ ကို တားဆီး နိုင်ဖို့လား ဆိုတာ သေချာ
ကွဲကွဲပြားပြား မသိရ ဘူးလို့ ဆီးရီးယား လူ့ အခွင့်အရေး ဆိုင်ရာ စောင့်ကြည့် ရေး အဖွဲ့ က ပြောပါတယ်။
ပါလ်မိုင်းရား ဟာ ပြီးခဲ့တဲ့ မေလ ကတည်း က IS တွေ ထိန်းချုပ် မှု အောက် ကျရောက် နေခဲ့တာ ဖြစ်ပါ
တယ်။
ပါလ်မိုင်းရား ဟာ ခေါမ ခေတ် ရောမ ခေတ် ကတည်းက လက်ရာ တွေ ဆက်လက် ကျန်ရှိ နေဆဲ နေရာ
ဖြစ်ပါတယ်။
BBC Burmese
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 21, 2015
ပါလ်မိုင်းရား မြို့ဟောင်းတ၀ိုက် IS တွေ ဗုံးထောင်
ပါလ်မိုင်းရား မြို့ဟောင်းတ၀ိုက် IS တွေ ဗုံးထောင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 21, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment