Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 19, 2015

facebook ပေါ်ကသတင်း(ရန်ကုန်-မန္တလေး Express ကားပေါ်က ခိုးမှု)


ရန်ကုန်-မန္တလေး Express ကား အကောင်းစား စီးနေကြတဲ့သူငယ်ချင်းတွေ သတိထား
စေချင်လို့စေတနာနဲ့ အသိပေးလိုက်ပါတယ်။

၁၇-၆-၂၀၁၅ ည ၁၀နာရီ ထွက်တဲ့ Boss Express နဲ့ မန္တလေးကိုပြန်လာပါတယ်။
ဖြစ်ချင်တော့ကျွန်တော် ထိုင်တဲ့ ၆ ဘီက TV ပျက်နေတယ်တဲ့။ဘာတတ်နိုင်ပါ့မလဲဆိုပြီး
၁၁၅ မိုင် ရောက်တာနဲ့ညလယ်စာ စားပီး အိပ်လိုက်ခဲ့ပါတယ်။ထူးဆန်းတာ တခုက
အမြဲ အအိပ်ဆတ်တဲ့ ကျွန်တော်ကတော်တော်လေးကို အိပ်ပျော်သွားပြီး၊အနောက်တန်း
က ဦးလေး ၂ ယောက်ဆင်းမယ်လုပ်တော့ကျွန်တော့်ခုံကို ထိမှကျွန်တော် နိုးပါတယ်။

အချိန်ကြည့်တော့ မနက် ၅ နာရီ ကျော်နေရာက လမ်းမရှိ ရွာမရှိ ကွင်းပြင်ထဲမှာဆင်းသွား
ကြပါတယ်။၆ နာရီကျော် ဘူတာအဝိုင်းရောက်တော့နောက်ဆုံးခုံမှာ ထိုင်တဲ့ ဦးလေးကြီး
ကသူ့ပိုက်ဆံ ၃ သိန်းကျော်ပျောက်လို့ကားကို ဘူတာကြီးမှာ မရပ်ပဲရဲစခန်းကို မောင်းပေး
ပါလို့ဒရိုက်ဘာ ကို ပြောပါတယ်။ဒါကို ဒရိုက်ဘာက မရပ်ပေးတဲ့ အပြင်ကားမယ်က ဦးလေးအထားမှားတာနေမှာဆိုပီးကားပေါ်ပါတဲ့ ဝန်ထမ်းတွေက ဦးလေးကိုဝိုင်းပြီး
တရားခံစစ်သလို မေးကြပါတယ်။

အဲဒီချိန်မှာပဲ ကျွန်တော့်အမကအိတ်ကို စစ်ကြည့်အုံးဆိုလို့ကျွန်တော် ဖွင့်ကြည့်တော့
ပိုက်ဆံ ၅၀၀၀ တန် ငါးသိန်းအုပ်ရယ်၊ရွှေချိန် ၂ ကျပ်ကျော်တဲ့နဂါး ၂ ကောင်ပါ ရွှေ
လက်ကောက်ရယ်၊ပလယ်တီနမ် နားကပ် တစုံ ရယ်ပိုက်ဆံအိတ်ထဲ ရှိတဲ့တစ်ထောင်
တန်၄၀၀၀၀ ကျော်ရယ် မရှိတော့ပါဘူး။ အံ့သြမိတာကပိုက်ဆံတွေကို လွယ်လွယ်
ကူကူ ယူလို့ ရပေမယ့်အဆင့်ဆင့် ၄ ထပ်ထည့်ထားတဲ့လက်ဝတ်ရတနာ တွေကို
ယူပြီးဘူးခွံတွေကို ထားခဲ့တာကိုပါ။ ကျွန်တော်က ပါသွားပီးလို့ အော်ပြောတော့
ကျွန်တော့် နားက အကို ၂ ယောက်ကလဲသူတို့ အိတ်ကို ပြန်စစ်တော့ဒေါ်လာ ၅၅၀
နဲ့ ငွေ ၂ သိန်းကျော်ပါသွားပြီလို့ ပြောပါတယ်။

အဲဒီချိန်မှာ ကားကဘူတာကြီးမှာ ခရီးသည်တွေကို ချပီးသွားပြီ။ဒါနဲ့ နင်တို့ ဘယ်လို
ဆက်လုပ်ကြမလဲပြောတော့ဂိတ်ရောက်ရင် အားလုံး အဆင်ပြေအောင်လုပ်ပေးပါ့
မယ် ဆိုပြီး ကားဆက်မောင်းပါတယ်။ ဂိတ်ရောက်တော့လဲ တရားခံကို သိချင်လို့
နင်တို့ကားမှာ CCTV ၄ လုံးတောင် ပါတယ်ဆိုဖွင့်ပြပါ ဆိုတော့သူတို့ကားက
System မြင့်လွန်းလို့မန္တလေးမှာ ဖွင့်လို့မရဘူးတဲ့ရန်ကုန်မှာ လိုက်ကြည့်ပေးကြ
ပါတဲ့။ကျွန်တော်တို့တွေကလဲငါတို့တွေက အားယားနေတာ မဟုတ်ဘူးလိုက်မကြည့်
နိုင်ဘူး။ဖွင့်ပေးနိုင်တဲ့သူကို ခေါ်ဆိုတော့ရန်ကုန်ကလူကို ခေါ်ပေးမယ်။ညနေထိ
စောင့်ပေးတဲ့။

ရဲစခန်းကိုရော တိုင်ကြမလားဆိုတော့ကျွန်တော်က တိုင်ရမှာပေါ့ဒီလောက်အများကြီး
ပါသွားတာမတိုင်ပဲ နေရမှာလား ပြောတော့ခဏလေးပါ ဆိုပီးအချိန်အကြာကြီး
စောင့်ခိုင်းပါတယ်စိတ်မရှည်တဲ့ ကျွန်တော်ကလဲဘာကို စောင့်နေရတာလဲလို့ဂိတ်မှုး
ကို မေးတော့သူက စည်ပင်ရဲကို စောင့်နေတာပါတဲ့။ ကျွန်တော်ကလဲစည်ပင်ရဲနဲ့ ပြီး
မယ့်ကိစ္စ မဟုတ်ဘူးရဲစခန်းပဲ သွားမယ်ဆိုပြီး အိမ်က ကားနဲ့ ရှေ့ကထွက်မှ နောက်
ကနေ ကားတစီးနဲ့ လိုက်လာကြပါတယ် ။၆၂ လမ်းက ရဲစခန်းကို ရောက်တော့
ဖြစ်ကြောင်းကို ပြောပြတော့စခန်းမှုးက ကားဂိတ်မှာ တာဝန်ရှိပါတယ်။ခက်တာက
ပိုက်ဆံပျောက်ကြတာစသိတဲ့ နေရာက ဘူတာကြီးအဝိုင်းမှာဆိုတော့အမှတ် ၈
ရဲစခန်းကပဲ သက်ဆိုင်ပါတယ်။သူတို့ ကူညီလို့ မရပါဘူး။ဂိတ်ကအဆင်ပြေအောင်
လုပ်ပေးလိုက်ပါ ဆိုလို့ ကျွန်တော်တို့တွေအမှတ် ၈ ကို ရောက်သွားကြပါတယ်။

ရဲစခန်းက တာဝန်မှူးကကျွန်တော့်ကို သံသယ ရှိတဲ့သူ ရှိလားလို့ မေးပါတယ်ကျွန်တော်
က လမ်းမှာဆင်းတဲ့ဦလေးကြီး ၂ ယောက်ကို ထင်တယ်ဆိုတော့Seat Plan ကို
ယူကြည့်တော့ပုံမှာ ပါတဲ့ အတိုင်းမှတ်ပုံတင်မပါ လူနာမည်ကိုတောင် တယောက်ထဲ
ရေးထားတဲ့။ဒီလူ ၂ ယောက်ကို ဘယ်လို စုံစမ်းကြမလဲတဲ့/ ကား Seat Plan ကို ဘာ
အတွက် ထားတာလဲတခြား ခရီးသည်တွေကိုတော့မှတ်ပုံတင် အပြည့်အစုံ တောင်းပြီး
လမ်းမှာဆင်းတဲ့ လူ ၂ ယောက်ရဲ့မှတ်ပုံတင်ကိုတော့ ချန်ထားတာ ဘာသဘောလဲ
သူခိုး နဲ့ ကြံရာပါ လို့စွပ်စွဲလို့ရတယ် လို့ပြောတော့ဂိတ်မှူးက အသံတိတ်နေပါတယ်။

တာဝန်မှူးကလဲ CCTV ရ ရင်အားလုံးပြန်လာခဲ့ဆိုလို့ ပြန်ခဲ့ကြပါတယ်။ညနေ ရောက်
တော့ဂိတ်ကို ပြန်သွားတဲ့ ချိန်မှာCCTV ကြည့်လို့ရပီဆိုပြီး ခေါ်ပြတော့ကျွန်တော်က
တခြားလူတွေလာမှတူတူ ကြည့်မယ်သူတို့ကို ဆက်သွယ်ပေးလို့ ပြောတော့ Ph နံပါတ်
တွေကို ပေးခွင့်မရှိဘူးတဲ့။ကျွန်တော်ကလဲစိတ်တိုပြီး နင်တို့ မပေးလဲ ရတယ် ဆိုပြီး
ဓာတ်ပုံ ရိုက်ယူထားတဲ့ Seat Plan က Ph တွေကို ဆက်ပြီးခေါ်တော့ပိုက်ဆံပျောက်တဲ့
သူတွေအားလုံး ဂိတ်ကို ရောက်လာတော့ဂိတ်မှူး အပါအဝင် ဝန်ထမ်းတွေ အားလုံး
မျက်နှာပျက်ကြပါတယ်။အားလုံးစုံလို့ မေးကြည့်တော့မှပိုက်ဆံ ပျောက်တဲ့သူတွေ
မဆုံရအောင်ဝန်ထမ်းတွေက လူစုခွဲထားမှန်းသိရပါတယ်။ဘာအတွက်လဲတော့ မသိ
ပါဘူး။ CCTV ဝိုင်းကြည့်တော့ ထင်တဲ့ အတိုင်းဘာကိုမှ သဲသဲကွဲကွဲ မမြင်ရပဲဝါးနေတဲ့
ပုံရိပ်တွေပဲ တွေ့ရပါတယ်။CCTV ပါတဲ့ Laptop ကို ရဲစခန်းယူပြီးတူတူလိုက်ခဲ့ဖို့ ပြော
တော့ဝန်ထမ်းတွေက လက်မခံပါဘူး။ကျွန်တော်တို့ပဲ ရဲစခန်းရောက်သွားတော့
တာဝန်မှူးက ဂိတ်ကို Ph ဆက်ပီး ဟောက်တော့မှ Laptop ကိုင်ပြီး ရောက်လာကြ
ပါတယ်။

စခန်း ရောက်ခါစ ကတော့ ရန်ကုန်က လိုက်လာတဲ့ Boss မန်နေဂျာ ကအပြည့်အစုံ
တော့ တာဝန်မယူပေးနိုင်ဘူးစပြောတော့ကျွန်တော်တို့က ဟုတ်ပါတယ် လက်ခံ
ပါတယ် ဆိုပြီး ညှိနေတုံး တာဝန်မှူး နဲ့ မန်နေဂျာဆီ Ph တွေ ဝင်လာပြီးနောက်
ချက်ချင်းပဲ ကျွန်တော်တို့ကို တာဝန်မယူနိုင်ပါဘူး။ လုပ်ချင်ရာလုပ်ပါ ဆိုပြီး ချက်ချင်း
စိတ်ပြောင်းသွားပါတယ်။ တာဝန်မှူးကိုယ်တိုင်ကလဲပျောက်တဲ့ နေရာ မသိလို့ အမှူ ဖွင့်
လို့ မရဘူးတဲ့ကျွန်တော်ကလဲ ပျောက်တဲ့နေရာသိနေမှတော့ ဆရာ့ဆီတောင် ရောက်မ
လာဘူးလို့ ပြောပြီး အိမ် ပြန်ခဲ့ပါတယ်။လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေကိုဆက်လုပ်
သွားမှာပါ

ပိုက်ဆံတွေ အလျော်ရတာ မရတာထက်နားမလည်နိုင်တာကBoss ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်တွေပါ။

ပထမ အချက်ကအခိုးခံရတဲ့ သူတွေ အားလုံးကသူတို့ ပစ္စည်းကို သေသေချာချာသိမ်း
ထားပါရဲ့နဲ့အေးအေးဆေးဆေး အချိန်ယူပြီးအခိုးခံနေရတာကို မသိရလောက်အောင်
Boss စပယ်ယာကကားနောက်ကို တချက်လေးတောင်လှည့်မကြည့်ဘူး ဆိုတော့
သူတို့ အလုပ်က ဘာလဲ ဒရိုင်ဘာကို ကားကူမောင်းပေးနေလား မသိဒရိုက်ဘာကို လေ
ကန်ဖို့သက်သက်ကားမယ် နဲ့ စပယ်ယာကို လခပေးထားတဲ့Boss ကားလိုင်းကို ချီးကျူး
မိပါတယ်။

ဒုတိယ အချက်ကဘူတာကြီးအဝိုင်းမှာ မရပ်ပဲ ရဲစခန်းကိုတောက်လျှောက်မောင်းပေးပါ
လို့ဝိုင်းပြောနေတဲ့ ကြားတဲက ကားရပ်ပြီး ခရီးသည်တွေကိုဇွတ်ချပေးလိုက်တဲ့ Boss
ဝန်ထမ်းတွေရဲ့စိတ်။

တတိယ အချက်ကအခိုးခံ ရတဲ့ သူတွေကို လူစုခွဲရဲတဲ့Boss ဝန်ထမ်းတွေရဲ့စိတ်။

စတုတ္ထ အချက်ကရဲစခန်းတွေကို လိုက်ခဲ့ပေးဖိုဇွတ်တင်း ပင့်ခေါ်ခဲ့ရပြီးစခန်းရောက်
တော့ သူတို့နဲ့ မဆိုင်သလိုရူးချင်ယောင်ဆောင်နေတဲ့Boss ဂိတ်မှူး အပါအဝင် Boss
ဝန်ထမ်းတွေရဲ့ စိတ်။

ပဉ္စမ အချက်က့ခရီးသည်တွေရဲ့ နာမည်တွေ မှတ်ပုံတင်တွေနဲ့Ph နံပါတ်တွေ ကို
ပြည့်ပြည့်စုံစုံ မမှတ်သားပဲတွေ့ရာလူကို ဖြစ်သလိုတင်တဲ့ Bossဝန်ထမ်းတွေရဲ့
စေတနာကောင်းတဲ့စိတ်။

တော်သေးတာပေါ့
၂ ယောက်ထဲ တင်လို့ ၅ ယောက် လောက်ဆို၁ ကားလုံး ပါလောက်တယ်။
ကျေးဇူးကြီးလှပါတယ် Boss ရယ်။ CCTV တပ်ထားတဲ့ ကားတွေကို အထင်ကြီးပြီး
ယုံကြည်မိလို့ငွေ သိန်း ၂၀ ကျော်ကိုရင်နာနာ နဲ့လှူလိုက်ရတဲ့ ကျွန်တော်တို့လို
အဖြစ်မျိုး ထပ်မဖြစ်စေချင်လို့မိတ်ဆွေ သူငယ်ချင်း တွေကိုသတိပေးလိုက်ပါတယ်။

ရေးသားတင်ပြသူ-မနန်းထွေးမေ ( မန္တလေး သတင်း ပုံရိပ်များ)




No comments:

Post a Comment