Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 27, 2015

နျူကလီးယား လက်နက် ကင်းစင် ရေး ဇုန် သဘော တူစာချုပ် ကို တရုတ် နိုင်ငံ အတည်ပြု


ပေကျင်း ဇွန် ၂၅
တရုတ် နိုင်ငံသည် အလယ် အာရှ ဒေသ အတွင်း နျူ ကလီးယား လက်နက် ကင်းစင် ရေးဇုန် (NWFZ) သဘောတူ စာချုပ် တစ်ရပ်အားအတည်ပြု ခဲ့ကြောင်း နှင့် အဆိုပါ သဘော တူ စာချုပ်ကို သံတမန် လမ်းကြောင်း မှတစ်ဆင့် ကာဂျစ္စတန် နိုင်ငံသို့  မကြာမီ ပေးပို့ သွားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံ ခြားရေး ဝန်ကြီး ဌာန ပြောရေး ဆိုခွင့် ရှိသူ လူကန်း က ပြောကြား ခဲ့သည်။

အဆိုပါ သဘော တူ စာချုပ်ကို တရုတ် နိုင်ငံ၏ ဥပဒေ ပြု ထိပ်တန်း အာဏာ ပိုင်အဖွဲ့ က ဧပြီလ အတွင်း၌ အတည် ပြုခဲ့ ခြင်း ဖြစ်ပြီး မကြာ သေးမီ ကပင် တရုတ် သမ္မတ ရှီကျင့်ဖျင် ကလက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နျူ ကလီးယား လက်နက်များ  ထုတ်လုပ်ခြင်း၊ ဝယ်ယူ ခြင်း သို့မဟုတ် လက်ဝယ် ပိုင်ဆိုင်ခြင်းမှ ရှောင်ကြဉ် ရေးနှင့် စပ်လျဉ်း၍  ဥဇဘက် ကစ္စတန်၊  ကာဇက် စတန်၊  တာဂျစ် ကစ္စတန် ၊တာ့ခ် မင် နစ္စတန် နှင့် ကာ ဂျစ္စတန် နိုင်ငံ တို့က ၂ဝဝ၉ ခုနှစ် အတွင်း၌ စတင် အသက်ဝင် ခဲ့သည့် အဆိုပါ သဘောတူ စာချုပ်တွင် ပါဝင် လက်မှတ် ရေးထိုးရန် ကတိပြု ထား ကြောင်း သိရသည်။ တရုတ်၊  ပြင်သစ်၊  ရုရှား၊  ဗြိတိန်နှင့် အမေ ရိကန်နိုင်ငံ တို့သည် နျူ ကလီးယားလက်နက် သို့မဟုတ် အခြား ပေါက်ကွဲ စေတတ် သော နျူ ကလီးယား ပစ္စည်းများ အား အသုံး မပြုရေး သို့မဟုတ် အသုံးပြု ရန် ခြိမ်းခြောက်မှု မပြုရေး တို့ကို ကတိပြု လျက် ကုလ သမဂ္ဂ ဌာနချုပ် တွင် ငါးနိုင်ငံ သဘော တူညီချက် တစ်ရပ်အား ၂ဝ၁၄ ခုနှစ် မေလ အတွင်း၌ လက်မှတ် ရေးထိုး ခဲ့သည်။ အဆိုပါ အတည်ပြု မှုသည် နျူကလီးယား လက်နက် ကင်းစင်ရေး ဇုန် နှင့်ပတ်သက် ၍ တရုတ် နိုင်ငံ၏ မပြောင်း လဲသော မူဝါဒ ကို ပြသခြင်းဖြစ်ပြီး နိုင်ငံ တကာ နျူက လီးယား လက်နက် မပြန့် ပွားရေး နှင့် ဖျက်သိမ်း ရေး အတွက် အရေး ပါသော ထောက်ခံ ပေးမှု ဖြစ်ကြောင်း နှင့် တရုတ် နိုင်ငံသည် နျူ ကလီးယား လက်နက် မပြန့်ပွား စေရေးနှင့် ဖျက်ဆီး ရေးကို အပြည့်အဝ ဆောင်ရွက်ရန်  နိုင်ငံ အားလုံး နှင့် အတူ ဆောင်ရွက်လို ကြောင်းလည်း လူကန်း က ပြောကြား ခဲ့သည်။

#Pyi Chit Thar

No comments:

Post a Comment