Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 27, 2015

ဝ ကိုယ်စားလှယ် အချို့ နေပြည်တော် လာ၍ တပ်ကိစ္စ လာရောက်ဆွေးနွေး


အစိုးရနှင့် စစ်ရေးတင်းမာနေသော ‘ဝ’တပ်ဖွဲ့မှ ကိုယ်စားလှယ်အချို့သည် ဇွန်လ ၂၄ ရက်တွင် နေပြည်တော်သို့ လာရောက်၍  ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ခေါင်းဆောင် များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်ပိုင်း ဆိုင်ရာ အခြေအနေများဆွေးနွေးရန် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း နှစ်ဖက်စလုံးက အတည်ပြုချက်ပေးသော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ 
‘‘နှစ်ဖက်တပ်တွေ တည်ရှိ နေတဲ့အနေအထားကို ဆွေးနွေးတယ်လို့ပဲ အကြမ်းဖျင်း သိပါတယ်။ ဒီလောက်ပဲ ပြောလို့ရပါတယ်’’ဟု UPWC ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ 
ယင်းသို့ တွေ့ဆုံရာတွင် UPWC ဘက်မှ ဒုဥက္ကဋ္ဌဦးသိန်းဇော် ဦးဆောင်ပြီး ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်တော် (UWSA) ဘက်မှ (၁၇၁) စစ်ဒေသကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း
နှစ်ဖက်အသိုင်းအဝိုင်းက ပြောသော်လည်း တာဝန်ရှိသူများကမူ သီးခြားအတည်ပြုချက်မပေးခဲ့ချေ။ 
‘‘လတ်တလော ဖြစ်ပွားနေတဲ့ တပ်ပိုင်းဆိုင်ရာအခြေအနေ နည်းနည်း တင်းမာမှုလေးတွေ အပေါ်ကိုပါ ဆွေးနွေးဖို့သွားတယ်လို့ပဲ သိရပါတယ်။ ကျွန်တော်လည်း နေသိပ်မကောင်းလို့ပါ’’ဟု UWSA ပြောခွင့်ရပုဂ္ဂိုလ်ဦးအောင်မြင့်ကပြောသည်။ 
ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း မိုင်းတုံ-ပုံပါကျင်ဒေသတွင် ဇွန်လဆန်းက သစ်ထုတ်ယူနေသည့် ‘ဝ’ တပ်ဖွဲ့ဝင် အချို့နှင့် တရုတ်လူမျိုးခြောက်ဦးကို အစိုးရ ပူးပေါင်းစစ်ကြောင်းများက ဖမ်း ဆီးခဲ့ရာမှ တင်းမာမှုများ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 
UWSA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနက် အင်အားအကြီးမားဆုံးဖြစ် ပြီး အင်အားသုံးသောင်းခန့်ရှိမည် ဟု ခန့်မှန်းထားသည်။ 
UWSA သည် အစိုးရသစ်လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ကို ပထမဆုံးရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး ၂၀၁၁ စက်တင်ဘာတွင် ရေးထိုးထားသည်။ 


အောင်ခိုင်
#Pyi Chit Thar

No comments:

Post a Comment