CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 26, 2015
မဲစာရင်းမှာနာမည်မပါလို့ ပြန်လျှောက်ရတဲ့ ဖြူဖြူကျော်သိန်းတို့မိသားစု
မဲပေးခွင့်ရရန် ပြန်လည်လျှောက်ထားနေသည့် ဖြူဖြူကျော်သိန်း
၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွင် ၎င်းအပါအ ၀င် မိသားစုဝင်သုံးဦး၏ အမည် စာရင်းမပါဝင်သောကြောင့် မဲ ပေးခွင့်ရရန် ပုံစံ-၃ ဖြင့် ပြန်လည် လျှောက်ထားခဲ့ကြောင်း ဖြူဖြူ ကျော်သိန်းက ပြောသည်။
‘‘ဒီနေ့ပဲ ဇွန်လ ၂၆ ရက် ပုံစံ -၃ ပြန်ဖြည့်ပြီး အစ်မတို့သုံး ယောက်စလုံး ပြန်တင်ခဲ့တယ်။ မူ ရင်းအိမ်ထောင်စုစာရင်းရှိတဲ့ စမ်း ချောင်း(တောင်)ရပ်ကွက်မှာပဲ တင်ခဲ့တာပါ’’ဟု ၎င်းကပြော သည်။ ရွေးကောက်ပွဲ
မဲဆန္ဒရှင်စာ ရင်းကို ဇွန်လ ၂၅ ရက်က သွား ရောက်ကြည့်ရှုခဲ့ရာ ၎င်းအပါအ ၀င် မိဘနှစ်ဦးစလုံး၏ နာမည်များ မပါဝင်သောကြောင့် ပုံစံ-၃ ဖြင့် ပြန်လည်လျှောက်ထားခဲ့ရခြင်း ဖြစ်သည်။
ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ဇွန်လ ၂၅ ရက်က ဖြူဖြူကျော်သိန်း၏ တရားဝင်ဖန် ပေ့ခ်ျစာမျက်နှာတွင် ‘‘ဖြူဖြူ့နာ မည်လည်းမဲစာရင်းမှာမပါဘူး ရှင့် ဒီနေ့မူရင်းအိမ်ထောင်စုစာ ရင်းရှိတဲ့ စမ်းချောင်း(တောင်) ရပ် ကွက်ရုံးမှာ သွားကြည့်တာဖြူဖြူ ရော၊ ဖေဖေနဲ့ မာမီရောနာမည် မပါကြဘူး။ ဧည့်စာရင်းနဲ့နေတဲ့ ကြည့်မြင်တိုင်မြို့နယ်မှာလည်း သွားစစ်ကြည့်ရပါဦးမယ်။ နှစ်ခုစ လုံးမှာမပါခဲ့ရင်တော့ ပုံစံ-၃ နဲ့ ပြန်သွင်းရမှာပါ။ မဲစာရင်းစစ် ဆေးပြင်ဆင်ခွင့်ကလည်း ဇူလိုင် ၅ ရက်နေ့အထိပဲဆိုတော့ ဆယ် ရက်ပဲကျန်ပါတော့တယ်။ ဖြူဖြူ တို့တစ်ယောက်စီရဲ့ အသည်း ကြားက မဲတစ်ပြားဟာ ရှေ့ရေး အတွက် သိပ်အရေးကြီးတာမို့ မဲ စာရင်းစစ်ဖို့ ချစ်ပရိသတ်ကြီးကို လက်တို့လိုက်ပါရစေနော်’’ဟု ရေးသားထားသည်။
ဖြူဖြူကျော်သိန်းသည် ဧည့် စာရင်းဖြင့်နေသော ကြည့်မြင် တိုင်မြို့နယ်တွင် မဲစာရင်းပါ၊ မပါ သွားရောက်စုံစမ်းရာတွင် ၎င်းတို့ ၏အိမ်ထောင်စုစာရင်းမပါသော ကြောင့် တာဝန်ရှိသူတစ်ဦးအား မေးမြန်းခဲ့ရာ အိမ်ထောင်စုစာရင်း ရှိသည့် မြို့နယ်၌ ပုံစံ-၃ ဖြင့်တင် ရန် ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။
http://7daydaily.com/story/40502
မဲစာရင်းမှာနာမည်မပါလို့ ပြန်လျှောက်ရတဲ့ ဖြူဖြူကျော်သိန်းတို့မိသားစု
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 26, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 26, 2015
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment