Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

၆၆လမ်းကျုံးဘေး လုယက်သူများအားအရေးယူ


၂၂-၆-၂၀၁၅ ရက်နေ့
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုလတ်၏ညွန့်ကြားမှုဖြင့်အမှတ်{၁}နယ်မြေရဲစခန်းမှ စခန်းမှူး
ရဲအုပ်မင်းစည်သူ၏ကြီးကြပ်မှုဖြင့် နယ်မြေအတွင်းလုယက်မှုများမ
ဖြစ်ပွားစေရန်နှင့်ကြိုတင်ကာကွယ်နိုင်သည့်ပြစ်မှုများမဖြစ်ပွားစေရန် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နေလင်းကိုကိုနှင့်နယ်ထိန်း တပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူ ၂၂-၆-၂၀၁၅ ရက်နေ့၀၀၃၀အချိန် လှည့်ကင်းတာဝန်ဆောင် ရွက်နေစဉ် ၆၆လမ်း၊၁၂×၁၄လမ်းကြား၊အလုပ်သမားဆေးရုံကြီးရှေ့ကျုံးဘေး တွင် ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်၍ ရဲဝတ်စုံဝတ်ဆင်ထားပြီး ကျုံးဘေးတွင်ထိုင်၍စကားပြောနေသောလူငယ်တစ်စုအား
'ရဲဟု' ပြောဆိုကာ ခေါင်းငုံခိုင်းထားပြီး ခြေထောက်ဖြင့်ကန်ကျောက်ကာ လူငယ်များတွင် ပါသော ငွေကျပ်(တစ်သောင်း)ကျော်ခန့်၊လက် ကိုင်ဖုန်းနှင့်ဆိုင်ကယ်အား လုယူနေစဉ် လှည့်ကင်းတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လုယက်သူများအားဖမ်းဆီးရာ ၄င်းတို့(၄)ဦးအ နက် ဖြိုးဝေလွင်နှင့်စိုးဝေလွင်တို့(၂)ဦးအားဖမ်းဆီးရမိခဲ့ပြီး ကျန်(၂)ဦးမှာထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။ဖမ်းဆီးရမိတရားခံ ဖြိုးဝေလွင်နှင့်စိုးဝေလွင်တို့အားစစ်ဆေးမေးမြန်းခဲ့ရာ ကျန်တရား ခံ (၂)ဦးမှာ တိုးတိုးနိုင်(ခ)တိုးတိုး၊ဂေါဝိန်(၃၀၂) ရပ်ကွက်၊ မဟာ အောင်မြေမြို့နယ်နေသူနှင့်ဂျမ်းမောင်မောင်၊အောင်ချမ်းသာရပ်ကွက်၊ပုသိမ်ကြီးမြို့နယ်နေသူတို့(၂)ဦးအားစစ်ဆေးပေါ်ပေါက်သ ဖြင့် ၂၂-၆-၂၀၁၅ရက်နေ့ ၁၀၃၀ အချိန်ခန့်တွင် ၎င်းတို့၏နေအိမ် သို့ ၂၄နာရီအတွင်း အချိန်မီသွားရောက်ဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းတို့(၄)ဦးအား ကျန်အမှုများနှင့်ပတ်သက်၍ ကွင်းဆက်ဖော် ထုတ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အမှတ်(၁)နယ်မြေရဲစခန်းမှ (ပ)၁၄၈/၂၀၁၅ ပြစ်မှုပုဒ်မ ၃၈၂အရ အမှုဖွင့်အရေးယူထားရှိပါ သည်။
အောင်မြေသာစံ အမှတ် ၁ ရဲစခန်း

No comments:

Post a Comment