Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 22, 2015

MIG ကုမ္ပဏီက ပဉ္စမမျိုးဆက်တိုက်လေယာဉ်ထုတ်လုပ်မည်


မော်စကို ဇွန် ၂၂ ရက်

MIG တိုက်လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီသည် ပဉ္စမမျိုးဆက် တိုက်လေယာဉ်အား ထုတ်လုပ် သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ တိုက်လေယာဉ် တည်ဆောက်ရာတွင် MIG-35 စတုတ္ထ မျိုးဆက် ခေတ်မီ ဘက်စုံသုံး တိုက်လေယာဉ်ကို အခြေခံ ပုံစံအဖြစ် အသုံးပြု သွားနိုင်ဖွယ် ရှိကြောင်း ကုမ္ပဏီ၏ အလုပ်အမှုဆောင် အရာရှိချုပ် ဆာဂျီကိုရော့တ်ကော့ဗ်က 2015 LeBourget လေကြောင်း ပြပွဲ ပြုလုပ်စဉ် အတွင်း ပြောကြားခဲ့သည်။

ပဉ္စမ မျိုးဆက် တိုက်လေယာဉ်အား ယခုအချိန်ထိ မှာယူထားခြင်း မရှိသေး သော်လည်း လေယာဉ် တည်ဆောက်ရေးကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းနှင့် ပဉ္စမ မျိုးဆက် တိုက်လေယာဉ် အမျိုးအစားသည်ကမ္ဘာအနှံ့ အပြားတွင် ကြီးမား ကျယ်ပြန့်သည့် ဈေးကွက် တစ်ခု ဖြစ်လာမည်ကို သိရှိထားကြောင်း၊ လက်ရှိ အချိန်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ အများအပြား၌ MIG-29 တိုက်ခိုက်ရေး လေယာဉ်ကို အသုံးပြု နေကြောင်းနှင့် ၄င်းတို့ အနေဖြင့် MIG-29 လေယာဉ် နေရာတွင် အစားထိုး အသုံးပြုရန် တိုက်လေယာဉ် အမျိုးအစားသစ် လိုအပ် လိမ့်မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် ရုရှား လေတပ် အတွက် ပဉ္စမ မျိုးဆက် တိုက်လေယာဉ် T-50 (PAKFA) အား စမ်းသပ် ထုတ်လုပ် ထားပြီး ဖြစ်ကြောင်းနှင့် အဆိုပါ T-50 တိုက်လေယာဉ်ကို ၂ဝ၁၆ ခုနှစ် အကုန်ပိုင်း နှင့် ၂ဝ၁၇ ခုနှစ် အစပိုင်း ကြားတွင် ရုရှား လေတပ်သို့ ပထမဆုံး အကြိမ် လွှဲပြောင်း ပေးအပ် သွားရန် စီစဉ်ထား ကြောင်းသိရသည်။

#PyiChitThar

No comments:

Post a Comment