Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 23, 2015

အသားကပ် ဂျင်းဘောင်းဘီဝတ်ကာ ဆောင့်ကြောင့်ထိုင်နေပြီးတဲ့နောက် ကြွက်သားထိခိုက်မှုဖြစ်ခဲ့ရတဲ့ အမျိုးသမီး



အချိန်အတော်ကြာ ဆောင့်ကြောင့်ထိုင်နေပြီးနောက် ကြွက်သားထိခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးဟာ ဆေးရုံ ၄ ရက်တက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ လုံးဝ ကြောက်ဖို့ကောင်းတာ အမှန်ပါပဲ။
အသက် ၃၅ နှစ်ရှိတဲ့ ယင်းအမျိုးသမီးဟာ မိတ်ဆွေတစ်ဦးကို အိမ် ကူညီပြောင်းရွေ့ပေးခဲ့တာဖြစ်ပြီး ဗီရိုအံဆွဲတွေ သန့်ရှင်းရေးပြုလုပ်နေစဉ် နာရီအတော်ကြာ ဆောင့်ကြောင့်ထိုင်နေခဲ့တာဖြစ်ပါတယ်။ ခြေထောက် စတင် ထုံကျင်လာခဲ့တယ်လို့ သူမက ပြောဆိုခဲ့တယ်။ အိမ်သို့ လမ်းလျောက်ပြန်တဲ့အချိန်မှာ သူမလဲကျပြီး ပြန်မမတ်နိုင်ခဲ့ပါဘူး။ ဆေးရုံသို့ မပို့မီ ၄င်းနေရာမှာ သူမ အကြာကြီး ရှိနေခဲ့ပါတယ်။
ဆေးရုံရောက်တော့ ဆရာဝန်တွေက သူမဂျင်းဘောင်းဘီကို ဖြတ်ထုတ်ခဲ့ရပြီး ကြွက်သားထိခိုက်မှု၊ ဖောရောင်ခြင်းနဲ့ သွေးကြောပိတ်ဆို့မှုတွေဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါတွေအားလုံးက ဂျင်းဘောင်းဘီကျပ်ကျပ်လေးဝတ်ကာ အကြာကြီး ဆောင့်ကြောင့်ထိုင်နေခြင်းကြောင့် ဖြစ်ပါတယ်။
ကဲ အသားကပ်ဂျင်းဘောင်းဘီအကျပ်တွေ ၀တ်တတ်တဲ့ ပျိုမေတွေ သတိထားဖို့ လိုနေပြီနော်။
Ref: Cosmo
http://www.trend.com.mm/2015/06/23/lifestyle-6965

No comments:

Post a Comment