CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 29, 2015
အာဇာနည်နေ့မှာ ဖြန့်ချိမယ့် နီနီခင်ဇော်ရဲ့ အနီရောင်စီးရီး
ဒုတိယတစ်ကိုယ်တော်အခွေကို ‘အနီရောင်’ဟု အမည်ပေးထားပြီး အာဇာနည်နေ့ (ဇူလိုင် ၁၉ ရက်)တွင် စတင်ဖြန့်ချိပေးမည်ဖြစ်ကြောင်း အဆိုတော်နီနီခင်ဇော်ကပြောသည်။
‘‘အာဇာနည်နေ့မှာဖြန့်ဖြစ်တာက တိုက်ဆိုင်မှုတစ်ခုပါ။ ပရိုမိုးရှင်းပွဲလုပ်ဖို့ Junction Square ကို မေးတဲ့အချိန်မှာ အာဇာနည်နေ့အားတယ်။ နီနီ့အတွက်လည်း ဒီလိုမျိုးရက်ရဖို့ဆိုတာ တော်တော်လေးခဲယဉ်းပါတယ်။ အဲဒီနေ့က မြန်မာနိုင်ငံရဲ့အမှတ်တရနေ့ ဖြစ်သလို အားလုံးရဲ့အားလပ်ရက်လည်းဖြစ်တဲ့အတွက် မမေ့နိုင်တဲ့ ရက်တစ်ရက်ပါပဲ’’ဟု ၎င်းကပြောသည်။
ယင်းအခွေတွင် သီချင်း စုစုပေါင်း ၁၂ ပုဒ် ပါဝင်ပြီး ယခုနှစ်အတွင်း သီချင်းတစ်ပုဒ်တည်းဖြင့် ဖြန့်ချိခဲ့သော ‘ဂယ်ဘဲ ဂယ်ဘဲ’သီချင်းကို ရီမစ်ဗားရှင်းဖြင့် ပြန်လည်ထည့်သွင်းထားကြောင်း နီနီခင်ဇော်ကပြောသည်။
‘‘ဆရာရွှေဂျော်ဂျော်ရေးထားတဲ့ 'Super Red' ဆိုတဲ့ သီချင်းလေးရှိတယ်။ အဲဒီသီချင်းကို အင်္ဂလိပ်လိုမပေးချင်တာနဲ့ ‘အနီရောင်’ဆိုပြီး ပေးဖြစ်တာပါ။ ဒီတစ်ခေါက်တော့ ဂီတအမျိုးအစားတော်တော်စုံပါတယ်။ လူငယ်အကြိုက် ဂီတပုံစံတွေများမယ်လို့ယူဆပါတယ်’’ဟု ၎င်းက ပြောသည်။
ထို့ပြင် ‘အနီရောင်’အော်ဒီယိုအခွေ ဝယ်ယူသူတိုင်းကို လက်ဆောင်အနေဖြင့် ငြိမ်းချမ်းရေး သီချင်းတစ်ပုဒ်ဖြစ်သည့် ‘မလိုချင်ဘူးစစ်’ Music Video DVD ကို လက်ဆောင်ထည့်သွင်းပေးမည်ဖြစ်ကြောင်း နီနီခင်ဇော်ကပြောသည်။
‘‘မလိုချင်ဘူးစစ် သီချင်းလေးကို ကိုမောင်မောင်သာမြင့်ပဲ ရိုက်တာပါ။ ကမ္ဘာနဲ့တစ်ဝန်း အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခခံစားနေရတဲ့ ပြည်သူတွေအားလုံးရဲ့နေရာက ခံစားပြီး ရိုက်ထားတာပါ’’ဟု ၎င်းကပြော ကြားသည်။
‘အနီရောင်’စီးရီးစတင်ဖြန့်ချိပေးမည့် အာဇာနည်နေ့ညနေတွင် Junction Square ၏ ပရိုမိုးရှင်း ဧရိယာ၌ ၎င်း၏တစ်ကိုယ်တော် Mini Concert ပြုလုပ်မည်ဖြစ်သောကြောင့် ပရိသတ်များကို လာရောက်အားပေးစေလိုကြောင်း နီနီခင်ဇော်ကပြောသည်။
နီနီခင်ဇော်သည် ပထမဆုံးတစ်ကိုယ်တော်စီးရီး ‘မာရီယို’ကို ၂၀၁၃ တွင် ထွက်ရှိထားပြီး ပရိသတ်အားပေးမှုရရှိသည့်စီးရီးဖြစ်သည်။
7day daily
အာဇာနည်နေ့မှာ ဖြန့်ချိမယ့် နီနီခင်ဇော်ရဲ့ အနီရောင်စီးရီး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 29, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment