CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 29, 2015
ဒေါသဖြစ်စေတဲ့ စိတ်တွေ နည်းပါးသွားစေဖို့ ဒီအစားအစာတွေကို စားသုံးပေးနိုင်
ကိုင်တွယ်ဖြေရှင်းရမှာ အခက်ခဲဆုံးအရာကတော့ ဒေါသပါပဲ။ ဒေါသထွက်ပြီဆို ရှုးရှုးရှဲရှဲဖြစ်တတ်လွန်းသူတွေအတွက် အစားအသောက်က ထိန်းညှိလျော့ချပေးနိုင်တယ်ဆိုတာကို မယုံမရှိပါနဲ့။
ဘယ်လိုအစားအစားမျိုးတွေလဲဆိုတာ သိချင်သွားတယ်ဟုတ်။ Psychiatry လေ့လာမှုအရ အချဉ်ဖောက်ထားတဲ့အစားအစာ၊ကစော်ဖောက်ထားတဲ့ အစားအစာတွေဟာ သင့်ရဲ့ဒေါသဖြစ်တတ်လွန်းတဲ့ စိတ်ကို လျော့ပါးသွားစေပါတယ်။ ဥပမာ ရှာလကာရည်ပါတဲ့အစားအစာ၊ ဆားရည်စိမ်ထားတဲ့ ဟင်းသီးဟင်းရွက်၊ သရက်သီးသနပ်၊ မရမ်းသီးသနပ်၊ ဆားစိမ် တွေဟာ ဒေါသဖြစ်တတ်လွန်းတဲ့သူတွေ စားသုံးသင့်တဲ့ အရာတွေပါ။
ဒီလေ့လာတွေ့ရှိချက်ဟာ လူအယောက် ၇၀၀ကို စမ်းသပ်စစ်ဆေးထားတာဖြစ်ပြီး သူတို့စားသုံးတဲ့ အသီးအနှံနဲ့ အစားအသောက်တွေကို ခွဲခြမ်းစိတ်ဖြာကာ ခုလို စာရင်းထုတ်ပြန်ခဲ့တာပါ။ ခုနပြောသလို အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို စားလေလေ ဒေါသအထွက်နည်းလေလေပါပဲတဲ့။
ခုလိုဖြစ်ရခြင်းအကြောင်းအရင်းကတော့ ကစော်ဖောက်ထားတဲ့ အစားအစာ ၊ အချဉ်ဖောက်ထားတဲ့ အစားအစာတွေထဲမှာပါတဲ့ ပဋိပိုးကောင်တွေဟာ အူထဲက အနေအထားတစ်ချို့ကို ပြောင်းလဲသွားစေနိုင်ပြီး ခုနပြောသလို ဒေါသဖြစ်စေတဲ့အရာကိုပါ ပြောင်းလဲပစ်နိုင်တာကြောင့်ပါလို့ Science Daily မှာ ဖော်ပြပေးထားပါတယ်။ ဒီလို အစားအသောက်ကနေ စိတ်အခြေအနေကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာ ထူးခြားတဲ့ ဖြစ်စဉ်တစ်ရပ်ပါ။
ဒီတော့ စိတ်တိုစရာ၊ ဒေါသထွက်စရာ ကိစ္စရပ်တွေ မကြုံရသေးခင် ခုနအစားအစာတွေ ကြိုးစားထားတဲ့သူတွေဟာ ဒေါသထွက်စရာအခြေအနေမှာ အရင်အခါတွေလို မဟုတ်တော့ပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်သွားတယ်လို့ သိရပြီး လူတွေအစားများတဲ့ ကင်မ်ချီလိုအရာမျိုးတွေမှာလည်း အဲ့ဒီဓာတ်ပါဝင်တယ်လို့ ဆိုထားပါတယ်။
TrendMyanmar
ဒေါသဖြစ်စေတဲ့ စိတ်တွေ နည်းပါးသွားစေဖို့ ဒီအစားအစာတွေကို စားသုံးပေးနိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 29, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 29, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment