အင်တာနက်ပေါ်မူရင်းသတင်းလင့်လိုက်ရှာကြည့်ပါတယ်။ မတွေ့ ပါ။
ဖိုတိုရှော့ ဖြစ်ဖို့ များပါတယ်။
.................................................................................
Akon ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဗုဒ္ဓဘာသာကို စော်ကားခဲ့မိတယ်လို့လည်း ဝန်ခံသွားပါတယ်။ ၄င်းရဲ့ music video တွေမှာ ဗုဒ္ဓရဲ့ ရုပ်ပွားတော်မြတ်တွေကို မလျော်မကန်အသုံးပြုမှုကြောင့် Akon ကို နိုင်ငံတကာမီဒီယာ စာမျက်နှာတွေမှာ အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ယခုက Akon လို့လူသိများတဲ့ အရှင် ဧဣနက
“ဒါဟာ ကျွန်တော့်ဘဝရဲ့ အရိပ်မဲကြီးပေါ့ဗျာ။ ဒီလိုဗုဒ္ဓနဲ့ ဗုဒ္ဓဘာသာဝင်တွေကိုစော်ကားခဲ့တဲ့အတွက်ကြောင့်လည်း ကျွန်တော် ဒီတစ်သက် နောင်တရလို့မဆုံးပါဘူး။ အဲ့တုန်းက ဗုဒ္ဓဘာသာရဲ့ ငြိမ်းချမ်းမှုကို ကျွန်တော်ဘာဆိုဘာမှ မသိခဲ့ဘူး။” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဘာကြောင့် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့လဲလို့ မေးတဲ့အခါမှာ ဗုဒ္ဓဘာသာကို နောက်ပိုင်းနှစ်များတွင် ထဲထဲဝင်ဝင်လေ့လာခဲ့ကြောင်း၊ တရားဓမ္မရဲ့ အနှစ်သာရကိုတွေ့ရှိခဲ့ကြောင်း၊ ဒါကြောင့်နောက်ဆုံးမှာ မိမိရဲ့အမှားတွေကို ဆေးကြောတဲ့အနေနဲ့ မြင့်မြတ်တဲ့ သာသနာ့ဘောင်ကို ဝင်ဖို့အထိ ဆုံးဖြတ်လိုက်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
Akon ဟာ ဒေါ်လာ ဆယ်သန်းကျော်ရှိတဲ့ ၄င်းပိုင်ဆိုင်သမျှတွေကိုလည်း ရောင်းချပြီး ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေကို အကုန်လှူ ဒါန်းသွားမယ်လို့လည်း ထပ်မံပြောကြားသွားခဲ့ပါတယ်။
ကျွန်တော်များ Scientific Buddhist page မှလည်း ဒီလိုလူတစ်ယောက် အမြင်မှန်ရသွားလို့ သာဓုအနုမောဓနာ ခေါ်လိုက်ရပါတယ် smile emoticon
http://www.newsaline.co.uk/akon-became-a-budhist-monk.html

No comments:
Post a Comment