Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 25, 2015

ပရိသတ်တွေ အံ့အားသင့်သွားစေမယ့် Meghan Trainor နဲ့ Harry Styles တို့ရဲ့ သတင်း



E! Online က သတင်းပေးပို့ချက်အရ Meghan Trainor နဲ့ Harry Styles တို့ဟာ အားလုံးအတွက် အံ့အားသင့်စရာ သတင်းတစ်ခုကို ယူဆောင်လာခဲ့ပါတယ်။ ဒါဟာ ပရိသတ်တွေ ထင်ထားတာထက်တော့ နည်းနည်းစောနေမှာပါ။ ကျွန်ုပ်တို့ဆီမှာ ဘယ်နေ့ထွက်မယ်ဆိုတာမျိုး နေ့အတိအကျ ပြောလို့မရပေမယ့် အဲ့ဒီသီချင်းလေးကိုတော့ Very Special လို့ ပေးထားတယ်လို့ သိရပြီး သူမကိုယ်တိုင်က အားလုံးကို အဲ့ဒီသီချင်းလေး နားထောင်စေချင်နေပါပြီတဲ့၊

Meghan က "ကျွန်မကတော့ ဒီသီချင်းလေး ထွက်မှာကို မစောင့်နိုင်တော့ဘူး။ ဘယ်သူနဲ့အတူ ဆိုရင်ကောင်းမလဲ။၊ ဘယ်သူကများ ဒီသီချင်းလေးကို သီဆိုပေးမှာလဲဆိုတာကတော့ မသိသေးဘူး"ဆိုပြီး ပြောခဲ့ပေမယ့် ခုတော့ ဘယ်သူနဲ့တွဲဆိုမယ်ဆိုတာ အဖြေထွက်လာခဲ့ပါပြီ။

အားလုံးစိတ်ထင်သွားတာ သူတို့နှစ်ဦး ဒိတ်လုပ်နေတဲ့သတင်းမျိုး ဖြစ်နိုင်ပေမယ့် ခု စတားနှစ်ဦးသီချင်းတွဲလုပ်မယ့် အခြေအနေလေးကလည်း အတော်လေး ထူးခြားတယ်နော်။ ကဲ အသက် (၂၁)နှစ်အရွယ် အ၀ါရောင်ဆံပင်လေးနဲ့ ဒီကောင်မလေး ဘာတွေအသစ်ဖန်တီးပြဦးမလဲ စောင့်ကြည့်ရဦးမှာပေါ့။

မေသော် - Trend Myanmar

No comments:

Post a Comment