Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 25, 2015

ချစ်တင်းနှောနေစဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ယိုစိမ့်လို့ သေဆုံးသွားခဲ့ရတဲ့ ချစ်သူစုံတွဲ



ချစ်သူစုံတွဲနှစ်ဦး ကားထဲ ချစ်တင်းနှောနေစဉ်အတွင်း အိပ်ဇောပိုက်အခိုးအငွေ့တွေကြောင့် အသက်ရှုကျပ်ပြီး သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ပြောဆိုခဲ့ပါတယ်။

Violet Iles ၂၅ နှစ် နဲ့ David Long အသက် ၃၁ နှစ်တို့ဟာ ည အပူချိန် ၄ ဒီဂရီ ဆဲလ်စီယပ် ထိကျဆင်းသွားခဲ့တာကြောင့် မှန်တံခါးတွေ အကုန်ပိတ်ကာ အနည်းဆုံး ၁နာရီခွဲကြာ ကားစက်မောင်းပြီး ထားခဲ့ကြပါတယ်။ ကားမီးခိုး ပိုက်သံချေးတက်ပြီး ကာဗွန်မွန်အောက်ဆိုဒ် ယိုစိမ့်ထွက်ခဲ့တယ်လို့ ရဲကဆိုပါတယ်။

၎င်းစုံတွဲနှစ်ဦးကို David အစ်ကို Kevin မှ သူ ကလေးတွေ ကျောင်းဘတ်စ်ကားဆီ လမ်းလျှောက်လိုက်ပို့တဲ့အချိန် နောက်နေ့ မနက် ၆ နာရီ မိနစ် ၄၀ အချိန်မှာ သေလျက်တွေ့ရှိတာဖြစ်ပါတယ်။

၎င်းစုံတွဲနှစ်ယောက် ချစ်တင်းနှောခဲ့တယ်ဆိုတာ ရဲတွေ သံသယရှိပေမယ့် ခဏတဖြုတ် အနားယူအိပ်စက်လို့ရအောင် လမ်းဘေး ကားထိုးရပ်ခြင်းသာဖြစ်နိုင်တယ်လို့ နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

သူတို့ခန္ဓာကိုယ်ထဲ အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါး ရှိမရှိ စစ်ဆေးမှုအဖြေကို ရဲတွေ စောင့်နေပါတယ်။

စက်ဖွင့်ရက် ကားထဲ ထိုင်နေတာ အန္တရာယ်ရှိကြောင်း စီရင်စုအရာရှိ Josh Neale က သတိပေးခဲ့ပါတယ်။ ကားထဲ အချိန်ကြာကြာနေမယ်ဆိုရင် အရောင်အသွေး အနံ့အသက်မရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မွှန်ထူမသွားစေဖို့ မှန်တံခါးတွေကို ဖွင့်ထားသင့်ကြောင့်လည်း ပြောဆိုခဲ့ပါတယ်။

Victor - Trend Myanmar

ချစ်သူစုံတွဲနှစ်ဦး ကားထဲ ချစ်တင်းနှောနေစဉ်အတွင်း အိပ်ဇောပိုက်အခိုးအငွေ့တွေကြောင့် အသက်ရှုကျပ်ပြီး သေဆုံးခဲ့ရတယ်လို့ ရဲတ...

Posted by The Melting Pot 4 U on Monday, 25 May 2015

No comments:

Post a Comment