Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 25, 2015

မူးယစ်ဆေးဝါးနဲ့ လက်ပစ်ဗုံးတွေကို အနံ့ခံ ရှာဖွေပေးမယ့် ကြွက်လေးတွေကို သုတေသီများ လေ့ကျင့်ပေးနေ



အနံ့ခံခွေးတွေနေရာမှာ ကြွက်တွေ တစ်နေ့နေ့ အစားထိုးလာနိုင်ပါတယ်။ အသေးစား ကြွက် သို့ မဟုတ် ရှဉ့်တွေကို အသုံးပြုပြီး မူးယစ်ဆေးဝါးများနဲ့ ပေါက်ကွဲတတ်တဲ့ လက်နက်ပစ္စည်းတွေ ရှာဖွေမယ့် အကောင်းဆုံးနည်းလမ်းတစ်ခု တွေ့ရှိခဲ့တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက အခိုင်အမာပြောဆိုထားပါတယ်။
မတူညီကွဲပြားသော အနံ့မျိုးစုံကို ခွဲခြားတတ်အောင် ကြွက်တွေကို လေ့ကျင့်ပေးဖို့ ၅ ရက်သာလို့ အပ်လိုပြီး အဲဒီလိုလေ့ကျင့်ပေးတဲ့အခါ ၉၈% တိကျအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယင်းစမ်းသပ်မှုပြုလုပ်ဖို့အတွက်  အနံ့သက်မျိုးစုံ လွှတ်ထားတဲ့ လက်စွဲအိတ် အရွယ်ခန့်ရှိသေတ္တာထဲ ကြွက် ၅ ကောင်ကို တစ်ကန့်စီထည့်ထားပါတယ်။
အကုန်အကျ ပိုသက်သာပြီး လေ့ကျင့်ဖို့ အချိန်ပိုနည်းတဲ့ ကြွက်အသုံးပြု ရှာဖွေစစ်ဆေးမှုစနစ်မှာ အနံ့ခံခွေးတွေနဲ့ ကြီးမားလေးလံတဲ့ စက်ကြီးတွေထက် များစွာ ပိုထိရောက်လိမ့်မယ်လို့ ၄င်းသုတေသီအဖွဲ့က ယုံကြည်ပါတယ်။
အိမ်တွင်း၊ အိမ်ပြင် ဓာတုပစ္စည်းတွေ ရှာဖွေဖို့ လိုအပ်တဲ့ နေရာတိုင်းနီးနီးမှာ အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် ခွေးတွေအတွက် မသင့်လျှော်တဲ့နေရာ ဒါမှမဟုတ် ယင်းစက်ကြီးတွေအတွက် အဆင်မပြေတဲ့နေရာတွေမှာ သုံး ဖို့လို့ ဆိုပါတယ်။
Ref: Shanghaiist
http://www.trend.com.mm/2015/05/25/lifestyle-6689

No comments:

Post a Comment