Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 6, 2015

KNU နယ်မြေ ဗုံးကြဲလေယာဉ် ပျံသန်းခြင်း မဟုတ်ဘဲ အသံထက်မြန်သော တိုက်လေယာဉ်များ လေ့ကျင့်ခြင်းဟုဆို



Wednesday, May 6, 2015
မြန်မာ့တပ်မတော် (လေ) က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) ဌာနချုပ်နယ်မြေအတွင်း ဗုံးကြဲသည့် လေယာဉ်ပျံသန်းခြင်း မဟုတ်ဘဲ အသံထက် မြန်နှုန်းမြှင့် ပျံသန်းသော လေယာဉ်များ လေ့ကျင့်ရေးပြုလုပ်ခြင်းသာ ဖြစ်ကြောင်း တပ်မတော်တာဝန်ရှိသူ အချို့က ပြောကြားသည်။
မေလ ၂ ရက်နေ့တွင် ပန်ဆန်း၌ ပြုလုပ်နေသည့် တိုင်းရင်းသား လက် နက်ကိုင်ညီလာခံသို့ တက်ရောက်နေသော ကေအန်ယူ အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ်က ကေအန်ယူ တပ်မဟာ (၂ )နယ်မြေ အတွင်း တပ်မတော် (လေ) က ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
“လေယာဉ်ဗုံးကြဲတာ မဟုတ်ဘူး။ လေ့ကျင့်ရေးလေယာဉ်တွေ ပျံသန်းတာ။ ကေအန်ယူ တပ်မဟာ (၂) ရှိတဲ့ နေရာရောက်မှ Super Connie ဖွင့် ပျံသန်းတာမဟုတ်ဘူး။ သူ့ဘာသာသူ လေ့ကျင့်ရေးလုပ်တာပါ။ ဒါကို တပ်မတော် (လေ)က ဗုံးကြဲတယ်လို့ ပြောတာဖြစ်မယ်” ဟု တပ်မတော် အရာရှိကြီးတစ်ဦး က ပြောကြားသည်။
တိုက်လေယာဉ်များ လေ့ကျင့်မှု ပြုလုပ်သည့် အခြေအနေကို တပ်မတော် အကြီးတန်း အရာရှိကြီးများ ကိုယ်တိုင် KNU တပ်မဟာ (၂) မှ တာဝန်ရှိသူများကို အသိပေး ရှင်းပြခဲ့ကြောင်း တပ်မတော် အရာရှိတစ်ဦးက ဆိုသည်။
မေလ ၂ ရက်နေ့တွင် ပန်ဆန်း၌ ပြုလုပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံသို့ တက်ရောက်နေသော ကေအန်ယူအဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ်က ကေအန်ယူ တပ်မဟာ (၂) နယ်မြေအတွင်း တပ်မတော် (လေ) မှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းသတင်းနှင့် ပတ်သက်၍ ကေအန်ယူတပ်မဟာ (၂ )နယ်မြေရှိ နယ်မြေခံတပ်ရင်းသို့ ဆက်သွယ် မေးမြန်းရာတွင် ဗုံးကြဲလေယာဉ် ပျံသန်းခြင်း မဟုတ်ကြောင်းနှင့် ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း ပြန်လည်ပြောကြားသည်။
The Voice Weekly

No comments:

Post a Comment