Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

အမေရိကန်မှာ IS တွေ ရှိ - မရှိ ပြောဖို့စောသေး


 အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်း Texas ပြည်နယ်မှာ တမန်တော်မိုဟာမက်နဲ့ ပတ်သက်ပြီးရေးဆွဲတဲ့ ကာတွန်းပြိုင်ပွဲ ကျင်းပတဲ့နေရာမှာ ဖြစ်ပွားခဲ့တဲ့ တနင်္ဂနွေနေ့ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေ ပါဝင်တယ်လို့ ပြောဖို့ရာ စောလွန်းသေးတဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က ပြောဆိုလိုက်ပါတယ်။

အစွန်းရောက်အဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင်း သူတို့ရဲ့ ရေဒီယို အသံလွှင့်ဌာနကနေ အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။ သူတို့ရဲ့ စစ်သည်တော် ၂ ယောက်ဟာ Dallas ရဲ့ အပြင်ဘက် Garland မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါဟာ အမေရိကန်ပြည်ထောင်စု မြေပေါ်မှာပြုလုပ်တဲ့ ပထမဆုံး တိုက်ခိုက်မှုဖြစ်ပြီး၊ ပိုဆိုးတဲ့ ဖြစ်ရပ်တွေ လာဦးမယ်လို့လည်း ပြောပါတယ်။ သမ္မတ အိုဘားမား အစိုးရအနေနဲ့တော့ IS စစ်သွေးကြွအဖွဲ့ အမေရိကန်နိုင်ငံမှာ ရောက်ရှိနေပြီလို့ မပြောနိုင်သေးကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ Josh Earnest က ပြောပါတယ်။

ရဲပစ်ခတ်လိုက်လို့ သေဆုံးသွားသူ ၂ ဦး ဟာ Elton Simpson နဲ့ Nadir Soofi တို့ ဖြစ်ကြပါတယ်။ တရားရုံး စာရွက်စာတမ်း အထောက်အထားတွေအရ Simpson ဟာ ၂၀၀၆ ခုနှစ်ကတည်းက ရဲတပ်ဖွဲ့က စောင့်ကြည့်ခံနေရသူများ စာရင်းမှာ ပါဝင်ပြီး ဆိုမာလီယားနိုင်ငံ ဂျီဟတ် ဘာသာရေးအကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်လိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး FBI အဖွဲ့ကို လိမ်လည်ပြောဆိုမှုနဲ့ ၂၀၁၀ ခုနှစ်မှာ အပြစ်ပေးခံခဲ့ရသူဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/us-dallas-shooting/2750841.html

No comments:

Post a Comment