Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

ပခုံးဒဏ်ရာရရှိကြောင်း မပြောသည့် ပတ်ကွီရိုကို တရားစွဲ


ပခုံးဒဏ်ရာရထားတယ်လို့ ထုတ်ဖော်မပြောဆိုတဲ့ ဖိလစ်ပိုင် လက်ဝှေ့သမား ပတ်ကွီရိုကို အမေရိကန် ပြည်ထောင်စု နီဗားဒါးက လူ ၂ ဦးက တရားစွဲဆိုလိုက်ပါတယ်။

ပတ်ကွီရိုက ဒိုင်ဆုံးဖြတ်ချက်နဲ့ အမေရိကန် လက်ဝှေ့သမား မေ၀ယ်သာကို ရှုံးသွားခဲ့အပြီးမှာ ပခုံးဒဏ်ရာ ရထားတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပွဲမစတင်မီ မေးခွန်းတွေထဲမှာ တံတောင်၊ လက်နဲ့ ပခုံးတွေမှာ ဒဏ်ရာရထားသလားဆိုတဲ့ မေးခွန်းကို ပတ်ကွီရိုက ဒဏ်ရာမရှိဘူးလို့ ဖြေဆိုခဲ့ပါတယ်။ ပတ်ကွီရို ပြောကြားခဲ့တာကတော့ သူသောက်ရတဲ့ ဆေးတွေအကြောင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပွဲကြည့်ပရိသတ်၊ ရုပ်သံကြည့်သူနဲ့ လောင်းကစားသမားတွေကို လက်ဝှေ့သမားက လိမ်လည်တယ်လို့ စွပ်စွဲပြီး မေ ၅ ရက်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အပြစ်ရှိကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် ပတ်ကွီရိုက ထောင်ဒဏ် ၁ နှစ်ကနေ ၄ နှစ်အထိ ကျခံရဖွယ်ရှိသလို ဒေါ်လာ ၅ ထောင် ဒဏ်ရိုက်ခံရမှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၃ ရက်နေ့က ရာစုနှစ်အတွင်း အကောင်းဆုံး လက်ဝှေ့ပွဲလို့ သတ်မှတ်ထားတဲ့ မေ၀ယ်သာနဲ့ ပတ်ကွီရို လက်ဝှေ့ပွဲမှာ မေ၀ယ်သာက ဒိုင်ဆုံးဖြတ်ချက်နဲ့ အနိုင်ရရှိသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment