Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

ဗုဒ္ဓမြတ်စွာဘုရားရဲ့ အရပ်တော်

.
အမေး။ ။ ဘုရားအရှင်ရဲ့ အရပ်တော် ကို ဗုဒ္ဓ၀ံသပါဠိတော်မှာ ၁၆ တောင် နှင့် ကျန်တဲ့ အဋ္ဌကထာများက ၁၈ တောင်ရှိတယ်လို့ ရေးထားတာသိရပါတယ်တဲ့ ..... ဘုရားရှင်ရဲ့ အရပ်တော်အစစ် အမှန် ကို သိပါရစေတဲ့ ....။
. ဒီလိုသာ ( ၁၆ ) တောင် ( ၁၈ ) တောင် အပြင်မှာ တစ်ကယ်ကြီး မြင့်နေတယ် ဆိုရင်ဖြင့် ..... ဘုရားရှင် ဆွမ်းခံကြွ ရင် .... အဲ့ခေတ်ကလူတွေ လှေခါးထောင် လောင်း ရမယ့် သဘောမှာရှိပါတယ် .... ဒါမှ မဟုတ် ခေါင်မိုးပေါ်က တက်လောင်းရမလို ဖြစ်နေပါပြီ .... ဒါတောင် မှီဖို့မကျိန်းသေပါဘူး ....။
.
ပြီးတော့ ဘုရားရှင် ဟာ အရပ်မြင့်လွန်းနေတဲ့အတွက် .... ဗုဒ္ဓ ကိုယ်တော်တိုင် ဟောခဲ့တဲ့ ... အပြစ် ( ၆ ) ပါးထဲ ကိုယ်တော်တိုင် ပါနေ သလို ဖြစ်နေပြီပေါ့ ....။
.
( မဲ ဖြူ ဆူ ကျုံ နိမ့် မြင့် တုန် ... မှတ်ကုန် ပြစ် ( ၆ ) ပါးတဲ့.... )
.
အဖြေ။ ။ ဒီကိစ္စကိုဆုံးဖြတ်မယ်ဆို .... ယုတ္တိ နှစ်မျိုးနဲ့ရေးပေးမှနားလည်မှာပါ ......
.
★ ★ ★ သဘာဝယုတ္တိနဲ့ ... အရင် စဉ်းစားကြရအောင်
.
★ ★ ဘုရားရှင်စံဝင်ပြီး သုံးလအကြာ ပဌမသင်္ဂါယနာတင်ရာ စရည်းပင် လိုဏ်ဂူအပေါက်ဝဟာ အထက်အောက် အားလုံး ၆ ပေလောက်သာရှိပါတယ် .... ဒါကိုကြည့်ခြင်းဖြင့် ဘုရားရှင်လက်ထက်တော်က လူများရဲ့ အရပ်တော် ဟာ ပကတိ လူသားများထက် မမြင့်နိုင် ဘူးလို့ ယူဆရပါတယ်။
.
★ ★ ကမ္ဘာ့ သမိုင်းပညာရှင်များရဲ့ .... သမိုင်းအထောက်အထားများအရ လည်း .... ဘုရားရှင်ရဲ့ အရပ်တော် ဟာ ၆ ပေသာသာပဲ ရှိတယ်လို့ သမိုင်းမှာ မှတ်တမ်းတင်ထားပါတယ် ..... လူသာမာန်ထက် အနည်းငယ် ပိုမြင့်တယ်လို့ဆိုပါတယ် .....
.
★ ★ ကျောက်စာများမှာရေးထားတာကလဲ .... ဘုရားရှင်လက်ထက် ရှေးဟောင်း အသုံးအဆောင်ပစ္စည်းများ လူများရဲ့အရိုးစုများ ဟာ လက်ရှိ လူသာမာန်များ သုံးတဲ့ပစ္စည်းလောက် ... လက်ရှိလူသားများ အရိုး စုလောက်ပဲ ရှိပါတယ်တဲ့ ....
.
★ ★ ဘုရားဖြစ်သွားမှ မြင့်တယ်ပြောရအောင်ကလည်း .... ဘုရားဖြစ်တော်မူပြီး တရားဦးဟောရန် အသွား လမ်းခုလပ်မှာ .... ဥပသကာ (လူယောက်ျား)တစ်ယောက်နဲ့တွေ့ပါတယ် ... ... သူဟာဘုရားရှင်ကိုမြင်တော့ .... ဘုရားရှင်ကိုကြည့်ပြီး ကြည်ညိုဖွယ်ရာ ရဟန်းတစ်ပါးလို့ပဲ ထင်မှတ် ခဲ့ပါတယ် လို့ .... (မဇ္ဈိမပဏ္ဏာသ ပါဠိတော်၊ ရာဇ၀ဂ်၊ ဗောဓိရာဇကုမာရသုတ်) မှာရေးထားပါတယ်
.
ဒါကိုထောက်ရင် လည်း ဘုရားရှင်ရဲ့အရပ်ဟာ ပကတိလူသားထက် ပိုပြီးမမြင့်နိုင်ပါ။
.
★ ★ ဘုရားရှင်ဟာ ကောသမ္ဗီမှ ပါလိလေယျက တော သို့ အကြွ၊တောကျောင်းမှာ သီတင်းသုံးနေတဲ့ အရှင်နန္ဒိယ၊အရှင်ကိမိလ၊ အရှင်နုရုဒ္ဓါ မထေရ်သုံးပါးထံ ၀င်တော်မူရာ တောစောင့်ယောက်ျားက သာမန်ရဟန်းထင်ပြီး “ ရဟန်းကြီး မ၀င်ပါနဲ့ အမျိုးကောင်းသားတွေ တရားအားထုတ်နေတယ်” လို့ တားမြစ်ခဲ့ဖူးတယ်။
.
★ ★ ညီတော် နန္ဒမင်းသာဟာ ဘုရားရှင်ရဲ့ သင်္ကန်းတော်နှင့်ညီမျှတဲ့ သင်္ကန်းကို ၀တ်ရုံလာတယ်။ ဒီအခါမှာ နန္ဒမင်းသားကို မြင်သော လူများကို ဘုရား လို့ ထင်မှတ်ပြီး နေရာမှ ထကြတယ်။ အနားရောက်မှာ နန္ဒမင်းသားမှန်း သိရပါတော့တယ်။ ဘုရားရဲ့အရပ်တော်ဟာ နန္ဒမင်းသားထက် လက်လေးသစ် ပိုပြီးမြင့်တယ် လို့ ၀ိနည်း ပါစိတ်ပါဠိတော်၊ ရတန၀ဂ် မှာ ဆိုထားပါတယ်။
.
★ ★ တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ သူဝတ်နေကျ အ၀တ်ကို ဘုရားရှင်အား လှူဖူးပါတယ်။ ဘုရားရှင်က ပုဏ္ဏားအ၀တ်ကို ၀တ်ရုံ လောက်တယ်လို့ ဆိုပါတယ်။ (မဟာဝဂ်၊မဟာပရိနိဗ္ဗာနသုတ်)
.
★ ★ ဒါတွေကိုကြည့်ခြင်းအားဖြင့်ဘုရားရှင်ရဲ့သာမာန်အရပ်တော်ဟာ အပြစ်ခြောက်ပါး ကလွတ်တဲ့ ... သာမန်လူတွေထက် အနည်းငယ်မြင့်တဲ့ .... မနိမ့်မမြင့် သင့်တော်သော အရပ်ပဲရှိပါတယ်လို့ပြောပါရစေ ....
.
★ ★ အောက်ပါ ကမ္ဘာ သမိုင်းအထောက် အထားများအရလဲ ဘုရားရှင်အရပ်တော်ဟာ အားလုံး စစ်ဆေးချက်အရ ... ( ၆ ) ပေ ( ၄ ) လက္မ ရှိကြောင်း ကမ္ဘာ့ သမိုင်းနဲ့ အောက်စဖိုဒ့် ကင်းဘရစ်ခ်ျ တက္ကသိုလ်များမှာမှတ်တမ်းတင်ထားတာ တွေ့ရပါတယ် ....
.
.
★ ★ ကဲ ... ဒါဖြင့်ရင် ပိဋကတ်ကျမ်းတွေမှာ ဘာလို့ ( ၁၈ ) တောင် ( ၁၆ ) တောင်ဖြစ်ရလဲ ... ဒါကရော.... မှန်နေလားလို့မေးစရာရှိပါတယ် ..... မှန်တယ်လို့ပဲဖြေပါရစေ
★ ★ ★ ဒါကိုတော့ အာဂမယုတ္တိ နဲ့ ယှဉ်ရမှာပါ .....
.
★ ★ မြတ်စွာဘုရားရဲ့ ဘုန်းတော်နဲ့ ပတ်သက်ပြီး မကြံစည်အပ်တဲ့တရားလေးပါးရှိပါတယ် ..... ဒါကို အစိန္တေယျ လေးပါး လို့ ခေါ်ပါတယ်။
.
(၁) တန်ခိုးတော်ကို မကြံစည်အပ်။
(၂) ကံ၏အကျိုးပေးရာတွင် မကြံစည်အပ်။
(၃)သဗ္ဗညုတ ဥာဏ်တော် အရာတွင် မကြံစည်အပ်။
(၄) လောကအကြောင်း မကြံစည်အပ်ခြင်း တို့ ဖြစ်ပါ တယ်။ ....
.
★ ★ ဘုရားရှင်ဟာ သာမန်အချိန်မှာ ပကတိ လူသားထက်ပိုပြီး မြင့်နိုင်စရာမရှိပေမဲ့ ဘုရားရှင်ရဲ့ ဘုန်းတော် တန်ခိုးတော် ကြောင့် .... ဘုရားရှင် ခန္တာကိုယ်ဟာ ကြီးချင်ရင် သူတကာထက်ပိုပြီး ကြီးလို့ရသလို ငယ်ချင်ရင်လည်း ငယ်ချင်သလောက် ငယ်လို့ရတယ် ဆိုတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်အရာလည်း ရှိပါသေးတယ်။
.
★ ★ ဘုရားရှင်ရဲ့ အရပ်တော် အဆုံးအဖြတ်နဲ့ပတ်သက်ပြီး အရေးကြီးဆုံး သတိထားစရာတစ်ခုက တော့ ဘုရားရှင်ရဲ့ ဘုန်းတော် ပါရမီတော်ကို ကို စမ်းသပ်ဝေဖန် နှိုင်းယှဉ်မှုတွေအတွက် ..... အရပ်တော်ဟာ အနန္တ ဖြစ်သွားတဲ့သာဓကတွေရှိနေပါတယ် ...
.
ဘုရားရှင်ရဲ့ ဘုန်းတော်ကိုစူးစမ်းသူတွေအတွက် .... ဘုရားရှင်အရပ်တော်က အနန္တ ပါလို့ပြောပါရစေ .....
.
ဘုန်းတော်ကြောင့်ဝေဖန်သူရဲ့မျက်စိထဲမှာကွဲလွဲသွားတာပါ...။
.
★ ★ တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ရဲ့ အရပ်တော်ကို သိချင်တဲ့အတွက် သူ့အိမ် အရှေ့ ဘုရားရှင် ဆွမ်းခံကြွရာ နေရာမှာ ၀ါးလုံးတစ်လုံး ( ၈တောင် ) စိုက်ထူထားလိုက်ပါတယ်၊ ဘုရားကြွတော်မူ လာတော့ ၀ါးလုံးထက် ဘုရားရှင်ရဲ့ အရပ်တော်က မြင့်နေပါတယ်၊
.
ဒါပေမယ့် သူဆွမ်းလောင်းတော့လဲ ... ဘုရားရှင်ကို ပုံမှန်လောင်းလို့ရနေခဲ့ပါတယ် .....
.
နောက်တစ်နေ့ မကျေနပ်တာနဲ့ ... အိမ်ပြင် ခပ်လှမ်းလှမ်းမှာ ၀ါးလုံးနှစ်ပြန် ( ၁၆ တောင် )ဆက်ပြီး ထောင် ထား လိုက်ပါတယ်။ ဘုရားရှင် ၀ါလုံးရှေ့ကဖြတ်တော့လဲ ဘုရားရဲ့ အရပ်တော်က မြင့်လျှက်ပါပဲ။
.
ဒါပေမယ့် သူဆွမ်းလောင်းတော့လဲ ပုံမှန် မတ်တပ်ရပ်လောင်းလို့ရနေခဲ့ပါတယ် ... (၀ါလုံး၂ပြန်စာလှေ ခါးထောင် စရာမလိုဘူး သူ့အရပ်နဲ့ ဆွမ်းလောင်းလို့ရနေပါတယ် ) ...။
.
ဒီအခါမှပုဏ္ဏားလဲ လန့်ပြီးဘုရားရှင်ကိုလျှောက်တင်ပါတော့တယ် ..... အရှင်ဘုရား ... အရှင် ဘုရားရဲ့အရပ်တော်ကို သိချင်တဲ့အတွက်ကြောင့် မဖွယ်မယာ ပြုလျှက် ... ၀ါလုံးနှင့် တိုင်းရာ အရှင် ဘုရားအရပ်တော်က ရှည်လဲမလာ ...ဘာမျှပြောင်းလဲခြင်းမရှိပါပဲ .... ၀ါးလုံးကလည်း တိုဝင် သွားခြင်းမရှိပါပဲ ..... အ၇ှင်ဘုရားအရပ်တော်ဟာ .... ၀ါးလုံးထက် .... အနည်းငယ် ၇ှည်နေတယ် လို့မြင်နေရတာ ဘာကြောင့်ပါလဲ ဘုရား လို့မေးသတဲ့ ....
.
အဲဒီအခါ ဘုရားရှင်က ....
.
ချစ်သား ငါဘုရား လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့်လာတဲ့ ပါရမီဘုန်းတော်ကို ၀ါးလုံးနဲ့ တိုင်းတာခြင်းငှာ မစွမ်းသာစေပါ လို့ ဟောကြားဆုံးမတော်မူပါတယ်။
.
★ ★ အခါတစ်ပါးမှာလည်း ..... ဘုရားရှင်ဟာ ....
.
တာဝတိံသာနတ်ပြည် မှာ အဘိဓမ္မာတရား ဟောတော်မူတဲ့အခါ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ပလာ မြကျောက်ဖျာ ထက်မှာ သီတင်းသုံးတော်မူနေတဲ့အခါ သိကြားမင်းကတွေးသတဲ့ .....
.
ငါ့ရဲ့ မြကျောက်ဖျာဟာ တစ်ဆယ့်ငါးယူဇနာတောင် ရှိတာဆိုတော့ ဘုရားရှင် ကိုယ်သေးသေး လေးနဲ့ထိုင် ရင် ဘုရားရှင်ပျောက်ပြီး နေ၇ာတွေပိုနေမှာပဲလို့ တွေးမိသတဲ့.....
.
ဒါပေမယ့် ဘုရားရှင် ပဏ္ဍုကမ္ပလာထက် ထိုင်တော်မူလိုက်တဲ့အခါ ဘုရားရှင်ကလဲ ကြီးမလာ ... မြကျောက် ဖျာ ကလဲသေးမသွားပါပဲ .... ဘုရားကိုယ်တော်ဟာ ကမ္ပလာတစ်ခုလုံး ပြည့်သွားရုံမျှမက သင်္ကန်း အစွန်းဟာ ကမ္ပလာရဲ့ အပြင်ကို ထွက်ကျနေပါတော့တယ်။
.
အဲဒီအခါ သိကြားမင်းက ငါဟာ မိုက်လေစွ ၊ မြတ်စွာဘုရားရဲ့ ဘုန်း တန်ခိုးတော်ကို မသိလေစွ လို့ နောင်တရတော် မူပါတယ် တဲ့ ...။
.
★ ★ တစ်ခါမှာလည်း .... အသူရာနတ်များက ဘုရားရှင်ကို သွားဖူးကြတော့ .... ရာဟု အမည်ရှိတဲ့ အသူရာနတ်မင်း တွေထဲမှာ ခန္တာကိုယ် အကြီးဆုံးနတ်မင်းကိုပါ .... ဘုရားဖူးလိုက်ဖို့သွားခေါ်တာပေါ့ .....
.
ဒီအခါ .... အသူရာနတ်မင်းကြီးက ငါသွားရင် ဘုရားရှင်က ငယ်ငယ်လေးဆိုတော့ ငါငုံ့ကြည့်ရမယ် ငါ မသွားဘူး လို့ပြောသတဲ့ ..... နတ်တွေက ဖူးရခဲတဲ့ ဘုရားရှင်မို့ အထပ်ထပ် အတင်းခေါ်တဲ့အခါမှ မတတ်သာတော့ဘဲ လိုက်သွားရတော့တယ် .....
.
အသူရာနတ်မင်းကြီးဟာ .... ဘုရားအရှေ့ရောက်တဲ့အခါ ...ကျန်တဲ့ နတ်လူအပေါင်းက ဘုရားရှင်ကိုပုံမှန် ... အိနြေ္ဒ ရ ရ ဖူးမြှောက်ကန်တော့ တာမြင်နေရပေမယ့် ....
.
သူတစ်ပါးထဲ ဘုရားရှင်ရဲ့ ခြေဖမိုးတော်ပဲ မြင်ရပြီး မျက်နှာတော်ကို ဖူးဖို့ အပေါ်မော့ကြည့်တဲ့အခါမှာလည်း...ဇက်သာလန်ကျသွားတယ် .... မျက်နှာတော်က မြင့်လွန်းနေတဲ့အတွက် ရင်ခေါင်းတော်လောက် သာ မြင်ရပါတယ် လို့ဆိုပါတယ် .....
.
အဲဒီအခါကျမှ အသူရာနတ်မင်းက .....
.
အော်…ဘုရားဆိုတာ အံ့သြဖွယ် အလွန်ကောင်းတာပဲ၊ ဘုရားရှင်ဟာ သေးသေးငယ်ငယ် ထင်မိပြီး မထီမဲ့မြင် ထင်မှားမိလေခြင်း လို့ တွေးကာ နောင်တ ရနေပါတော့တယ်။
.
★ ★ ဒါဟာ လူသာမန်တို့ မကြံစည်နိုင်တဲ့ ဘုရားရှင်ရဲ့ ဘုန်းတန်ခိုးအရာပါပဲ .....
.
ဒါတွေကိုထောက်ရှုဆင်ခြင်ခြင်းအားဖြစ့် ဘုရားရှင်ရဲ့ အရပ်တော်ဟာ ... ( ၁၆ ) တောင် ( ၁၈ ) တောင် မကပါဘူး .... အနန္တ ရှိပါတယ်လို့ .... မှတ်သားရမှာပဲဖြစ်ပါတယ် .....။
..
.
Credit to N.U
The Express Times

No comments:

Post a Comment