Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

တရုတ် အိမ်ခြံမြေလုပ်ငန်းရှင် ၀မ်ကျန်းလင် အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာ


တရုတ်ရှိ အကြီးဆုံး အိမ်ခြံမြေလုပ်ငန်းကုမ္ပဏီကြီးတစ်ခုဖြစ်သော တာ့လျန်ဝန်ဒါအုပ်စု၏ ဥက္ကဋ္ဌဖြစ်သူ ၀မ်ကျန်လင်သည် အလီဘာဘာတည်ထောင်သူ ဂျက်မားနှင့် ဟောင်ကောင်မှ လုပ်ငန်းရှင်ကြီး လီကာရှင်းတို့ကိုကျော်ကာ အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်ဟု မေ ၅ ကထုတ်ပြန်ခဲ့သော Bloomberg Billionaires Index ၏နောက်ဆုံးအညွှန်းကိန်းတွင် ဖော်ပြထားသည်။.

JackMa

ဝမ်ကျန်လင် နှင့် ဂျက်မာ

ဝမ်သည် အသားတင်ကြွယ်ဝမှု ဒေါ်လာ ၃၈ဒသမ၆ဘီလျံဖြင့် အာရှ၏ထိပ်ဆုံးဘီလျံနာဖြစ်လာခဲ့ပြီး ကမ္ဘာအဆင့်တွင် နံပါတ် ၁၀ ချိတ်သည်။ ဂျက်မားက ကြွယ်ဝမှု စုစုပေါင်း ဒေါ်လာ ၃၄ဒသမ၉ဘီလျံဖြင့် အာရှ၏ ဒုတိယအကြွယ်ဝဆုံးနှင့် ကမ္ဘာ့အဆင့် ၁၇ရရှိသည်။ ၎င်း၏နောက်တွင် အာရှ၏ အကြွယ်ဝဆုံးအဖြစ် ကြာရှည်ရပ်တည်ခဲ့သူ လီကာရှင်းရှိသည်။

ဘလွမ်းဘာ့ဂ်၏ အချမ်းသာဆုံးစာရင်းမှာ ၂၀၁၅ခုနှစ် မေ ၄ အထိရရှိသော အချက်အလက်များကို အခြေခံသည်။ မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်မှာ အသားတင်ကြွယ်ဝမှု ဒေါ်လာ ၈၆ဒသမ၄ဘီလျံဖြင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေဆဲဖြစ်သည်။
http://www.mizzimaburmese.com

No comments:

Post a Comment