CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, May 5, 2015
ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်
ဒီကမ္ဘာမြေပေါ်တွင် ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစားအစာများထဲမှာ ပျားရည်လည်း တစ်ခုအပါအ ဝင်ဖြစ်တယ်ဆိုတာကို လူတိုင်းသိထားကြပြီးဖြစ်ပါတယ်။ သို့သော် ၎င်းပျားရည်ကို ရေနွေးဖြူဖြူဖြင့် ရောသောက်ခြင်းက ဘယ်လိုကျန်းမာရေးအာနိသင်တွေ ရရှိနိုင်သလဲဆိုတာကိုတော့ သိသူနည်းပါး ပါလိမ့်မယ်။
သောက်သုံးရမည့် ဆေးညွှန်းပုံစံက ဒီလိုပါ။
(၁) ကြက်သီးမွှေးညင်းခန့်ပူသော ရေနွေးဖြူတစ်ဖန်ခွက်
(၂) ပျားရည်စစ်စစ် တစ်ဇွန်း (လက်ဖက်ရည်ဇွန်းအရွယ်)
အထက်ပါ ပျားရည်နဲ့ ရေနွေးတို့ကို ရောသမသွားအောင် ဇွန်းဖြင့်နာနာမွှေပေးပါ။ ၎င်းဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် အောက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါလိမ့်မယ်။
(က) အဆုပ်ထဲရှိ အရိအရွဲတွေကို သန့်စင်ပေးပါတယ်။
(ခ) ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာပြီး ချောင်းဆိုး၊ ရင်ကျပ်နာ၊ အသက်ရှူလေပြွန်ပွရော ဂါ၊ အအေးမိရောဂါတို့ကို ကောင်းစွာကုသပေးနိုင်ပါတယ်။
(ဂ) အစာချေလမ်းကြောင်းမှာ သွေးထွက်ခြင်းမှ ကာကွယ်ပေးရုံသာမက ထိုအစာချေလမ်းကြောင်း ပေါ်ရှိ ကပ်ပါးပိုးများကိုလည်း သန့်စက်ပေးပါတယ်။
(ဃ) ဤဆေးဖျော်ရည်သောက်စမှာ ဗိုက်တွေခါးတွေ ဖောင်းလာကောင်း ဖောင်းလာနိုင်ပါတယ်။ သို့ သော် မစိုးရိမ်ပါနှင့်။ ဆက်လက်၍သောက်ပေးပါ။ ဤဆေးရည်က မစင်အိမ်ကို ဖောင်းကြွစေခြင်းအား ဖြင့် ပျော့နူးစေပြီးနောက်ဆုံးမှာ ဝမ်းနဲ့လေအဖြစ် သက်သာစေပါတယ်။
(င) အူသိမ် အူမများအားလုံးကို ကောင်းစွာအလုပ်လုပ်စေပြီး အဆိပ်အတောက်ပြေစေပါတယ်။
(စ) အစွမ်းထက်မြက်တဲ့ မှိုသတ်ဆေးရည်၊ ပိုးသတ်ဆေးရည်၊ ဘက်တီးရီးယားသတ်ဆေးရည်အ ဖြစ် စွမ်းဆောင်နိုင်ပါတယ်။
(ဆ) ညဘက် ယမကာအလွန်အကျွံသောက်သုံးခဲ့သူများဟာ နံနက်အိပ်ရာထမှာ ပျားရည်ဆေးဖျော် ရည်ကို သောက်သုံးပေးခြင်းဖြင့် ခေါင်းမကြည်၊ ခေါင်းကိုက်၊ ဗိုက်အောင့်ဝေဒနာတွေ မခံစားရတော့ပါ ဘူး။
(ဇ) ပျားရည်ဟာ ကျောက်ကပ်ထဲရှိအရည်များကို စုပ်ယူပစ်တာကြောင့် ညဘက်မကြာခဏဆီးထ သွားခြင်းကိုထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ညဘက်ဆီးခဏခဏသွားသူများအဖို့ ထိုဆေး ဖျော်ရည်ကို ညနေခင်းပိုင်းမှာသောက်ပေးခြင်းဖြင့် ကျောက်ကပ်ကို သိသိသာသာကောင်းကျိုးပြုပါ တယ်။
ဘယ်အချိန် ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်လဲ၊ နံနက်စောစောအိပ်ရာထချိန်ဖြစ်တဲ့ ဝမ်း ဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန်ဟာ ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ပဲဖြစ်ပါတယ် (သို့) အစာနဲ့ဝေးချိန်ဖြစ်တဲ့ ညနေခင်းပိုင်း (ညစာမစားခင် နှစ်နာရီခန့်အလိုမှာလည်း သောက်ပေးနိုင်ပါ တယ်။
ဒါကြောင့် နံနက်အိပ်ယာထ (သို့) ညနေခင်းပိုင်းဖြစ်တဲ့ မိမိအတွက်ပို၍အဆင်ပြေနိုင်မည့်အချိန်ကိုရွေး ၍ တစ်နေ့လျှင်တစ်ကြိမ်ကျနှုန်းဖြင့် ပျားရည်နဲ့ရေနွေးဖျော်ရည်ကို အထက်ဖော်ပြပါ ဆေးညွှန်းအတိုင်း သောက်ပေးရမှာပါ။
၎င်းဖျော်ရည်ကို အကြာကြီး အအေးခံမထားသင့်ဘဲ ချက်ချင်းသောက်ပေးသင့်ပါတယ်။ ဤကဲ့သို့ပျား ရည်ဖျော်ရည်ကို နေ့စဉ်မှန်မှန်သောက်သုံးသွားခြင်းအားဖြင့် အထက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေ ကို ရရှိစေမည့်အပြင် သင့်ရဲ့အသားအရေလေးဟာလည်း ပိုးသားလိုနူးညံ့တောက်ပလာစေတော့မှာ ဖြစ်ပါတယ်။
(ကိုးကား – The Science of Eating)
ကြေးမုံသတင်းစာ
ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 05, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment