Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 9, 2015

ကျင်ငယ်ရေထဲတွင် အ၀လွန်ခြင်း အကြောင်း သဲလွန်စတွေ့ရှိ


လူသား၏ ကျင်ငယ်ရေထဲတွင် အ၀လွန်ခြင်းနှင့် ဆက်စပ်ဖွယ် ရှိသည့် ဓာတုပစ္စည်းများ တွေ့ရှိထားကြောင်း သိပ္ပံပညာရှင်များက ဆိုလိုက်သည်။ သို့ဖြစ်ရာ အ၀လွန်သူများသည် ဘာကြောင့် ကင်ဆာ၊ လေဖြတ်၊ ဆီးချို၊နှလုံး ပိုဖြစ်ရသည် ဟူသော နောက်ကွယ်က အကြောင်းခံကိုပါ ဖော်ထုတ်နိုင်ဖွယ် ရှိသည်ဟု ပညာရှင်များက ဆိုထားသည်။

အချို့သူများသည် ခန္ဓာကိုယ် ဖွဲ့စည်းမှု ဓာတုသဘော အရကိုက ၀ဖို့ ဇာတာ ပါလာသည်ဟု ပြောဆိုမှုများ ရှိနေရာ ကျင်ငယ်ရေ အတွင်း အ၀လွန်ခြင်းဆိုင်ရာ ဓာတုပစ္စည်းများကို စစ်ဆေး အဓိပ္ပါယ် ဖော်နိုင်မည် ဆိုပါက တချို့လူများသည် တစ်ကယ်ပဲ အ၀လွန်နိုင်သည့် ခန္ဓာဓာတု ဖွဲ့စည်းပုံမျိုး ရှိသလား မရှိဘူးလားကိုပါ အဖြေ ထုတ်နိုင်ဖို့ ရှိသည်။ အဖြေ တစ်ခုခု ထွက်လာပါက အ၀မလွန်အောင် မည်သို့လုပ် မည်နည်း ဟူသော နည်းလမ်းကိုပါ တွေ့ရှိလာမည် ဖြစ်သည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး၏ ၂၀၁၄ ခုနှစ် စာရင်းအရ ကမ္ဘာတစ်ဝန်း အရွယ် ရောက်ပြီးသူ (၁၃) ရာခိုင်နှုန်း အ၀လွန်နေကြောင်း သိရ သည်။ ၂၀၁၃ ခုနှစ် စာရင်းအရ ကမ္ဘာတစ်ဝန်း အသက် ငါးနှစ်အောက် ကလေးငယ် (၄၂) သန်း အ၀လွန် နေကြောင်းလည်း သိရသည်။

ကျင်ငယ် ရေထဲတွင် ခန္ဓာတစ်ခုလုံးမှ ခန္ဓာဇီဝ လုပ်ငန်း အမျိုးမျိုးက စွန့်ထုတ်လိုက်သော ဓာတု ပစ္စည်းမျိုးစုံ ပါဝင်သည်။ ကျင်ငယ် ရေထဲတွင် ပါသော ဓာတုပစ္စည်းများကို တစ်ခုချင်း ခွဲထုတ်နိုင်သည့် နည်းပညာကြောင့် ပညာရှင်များသည် လူတစ်ဦးချင်းစီ၏ မျိုးဗီဇ ဖွဲ့စည်းပုံနှင့် ဘ၀နေမှု စတိုင်ကိုပါ ခန့်မှန်း သိရှိ နိုင်လာသည်။

လေ့လာ သုတေသနကို လန်ဒန် အင်ပီးရီးယဲ ကောလိပ်မှ သုတေသန ပညာရှင်အဖွဲ့က ပြုလုပ်ခြင်း ဖြစ်ပြီး Science Transiational Medicine ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ အမေရိကန်နှင့် ဗြိတိန်မှ စေတနာဖြင့် ကူညီသူ နှစ်ထောင်ကျော်၏ ကျင်ငယ်ရေ နမူနာများယူကာ သုတေသန ပြုထားခြင်း ဖြစ်သည်။

ကျင်ငယ်ရေ ဓာတုပစ္စည်းများ အနက် (၂၉) ခုသည် ခန္ဓာကိုယ် အချိုးအစား အပေါ် လွှမ်းမိုးမှု ရှိသော ဓာတုပစ္စည်းများ ဖြစ်ကြောင်း သုတေသနက ဆိုသည်။ အချို့သော ဓာတုပစ္စည်းများသည် အူထဲမှ ဘက်တီးရီးယားများက စွန့်ထုတ်လိုက်သော ပစ္စည်းများ ဖြစ်သည်။

““အ၀လွန်သူတွေရဲ့ ကျင်ငယ် ရေထဲမှာ ဘယ်လို ဓာတုပစ္စည်းတွေ ပါတတ်တယ်။ အ၀မလွန် သူတွေဆီမှာ ဘယ်လိုဟာတွေ ပါတတ်တယ် ဆိုတာ သေချာခွဲခြား သိပြီဆိုရင် နောင်ဆို ကျင်ငယ်ရေ ဓာတုပစ္စည်းတွေကို စစ်ကြည့်လိုက်ရုံနဲ့ လူတစ်ယောက်ဟာ အ၀လွန်မယ့် လူလား ဆိုတာ ကြိုခန့်မှန်း နိုင်သွားမယ်။ လိုအပ်တဲ့ ကာကွယ် ကုသမှုတွေလည်း စောစောစီးစီး ပေးနိုင်သွားမယ်”” ဟု အင်ပီးရီးယဲ ကောလိပ် ဇီဝဗေဒဌာနမှ ပေါလ်အဲလီယော့က ပြောသည်။

Source: AFP
http://messengernewsjournal.com/news/Tech/detail.php?id=35927

No comments:

Post a Comment