CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, May 9, 2015
ခန္ဓာကိုယ်မှ ရနံ့ဗီဇက ခြင်များကို ဆွဲဆောင်
ခြင်ကိုက် ခံရခြင်းသည် ခန္ဓာကိုယ်ရနံ့ကို ထိန်းချုပ်ထားသည့် မျိုးဗီဇကြောင့် ဖြစ်နိုင်ကြောင်း ပဏာမ လေ့လာ ဆန်းစစ်ချက် တစ်ခုအရ သိရသည်။
သုတေသီများက တချို့သော လူများသည် သူတစ်ပါးထက်ပိုပြီး ခြင်ကိုက် ခံရလေ့ရှိသည့် အကြောင်းရင်းကို ကာလ အတော်ကြာ လေ့လာ ဆန်းစစ်ခဲ့ကြသည်။ မကြာသေးမီက တွေ့ရှိမှုအရ အကိုက်ခံရသူ၏ ကိုယ်နံ့က အင်းဆက်များကို ဆွဲဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ကိုယ်နံ့ ကွဲပြားသည့် အလျောက် ခြင်ကိုက်ခံ ရနှုန်းများလည်း ကွဲပြားကြသည်။
သုတေသီများက မျိုးရိုးဗီဇနှင့် ဆက်စပ်မှု ရှိမရှိ သိရှိလိုသည့် အတွက် ဆင်တူ အမြွှာနှင့် ဆင်မတူသည့် အမြွှာတို့ကို ခြင်များ အပေါ် မည်မျှ ဆွဲဆောင်နိုင်စွမ်း ရှိကြောင်း လေ့လာ ဆန်းစစ်ခဲ့ကြသည်။
တွေ့ရှိချက်များ အရ ဆင်တူ အမြွှာများက ခြင်များ အပေါ် ဆွဲဆောင်နိုင်စွမ်း ပိုရှိကြောင်း လေ့လာ တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် ခြင်များအပေါ် ဆွဲဆောင်နိုင်စွမ်းသည် ကိုယ်နံ့ ထွက်ရှိသည့် ဗီဇဆက် ခံထားမှုကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။သို့သော် ခြင်များသည် ရနံ့တစ်ခုတည်းကြောင့်သာ ဆွဲဆောင်ခံရခြင်း မဟုတ်ကြောင်း သိရသည်။
လူတစ်ဦးချင်းကြားမှ မျိုးရိုး ဗီဇမူကွဲများကို ကောင်းစွာ နားလည်နိုင်ပါက ခြင်များကို ကောင်းကောင်း ထိန်းချုပ်နိုင်မည့် နည်းလမ်း ရှိလာနိုင်မည် ဖြစ်ပြီး ခြင် အန္တရာယ် ကာကွယ်ရန် နည်းလမ်းကောင်းများ ရှိလာနိုင်မည်ဟု ယူဆကြောင်း လန်ဒန် တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် အပူပိုင်း ဒေသဆိုင်ရာ ကျောင်းမှ ဒေါက်တာ ဂျိမ်းစ်လိုဂန်က ပြောကြား သွားခဲ့သည်။
Source: BBC
http://messengernewsjournal.com/news/Tech/detail.php?id=35932
ခန္ဓာကိုယ်မှ ရနံ့ဗီဇက ခြင်များကို ဆွဲဆောင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 09, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment