CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မြန်မာ့ရေပြင်မှာ ဖမ်းမိခဲ့တဲ့ တစ်ဖက်နိုင်ငံသားများ ပြန်ပို့ပြီ
 |
| ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းဒုက္ခသည်များကို မေလ ၂၃ ရက်နေ့က အလယ်သံကျော်ကျေးရွာမှာ တွေ့ရစဉ် Photo: Min Thein Aung/RFA |
ရခိုင်ပြည်နယ် မောင်တောမြို့အနီး မြန်မာ့ရေပိုင်နက်ထဲ မှာ ဖမ်းဆီးမိခဲ့တဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီး ဒုက္ခသည် ၂ဝဝ ကျော်ကို ဒီကနေ့ မူလနိုင်ငံကို
ပြန် ပို့လိုက်ပြီလို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင် အုန်း က
ပြောပါတယ်။
ဒီကနေ့ မွန်းလွဲ ၂ နာရီမှာ နတ်မြစ်တစ်ဘက်ကမ်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို
ပို့ပေးခဲ့ပြီလို့ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က RFA ကို ပြောပါတယ်။
သူတို့ ကိုယ်တိုင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်တယ် လို့ ပြောခဲ့ကြတယ်လို့
ဆိုပါတယ်။
အခုဖမ်းမိတဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား ရှစ်ဦး ပါဝင်ပြီး
သူတို့တွေကိုလည်း မေးမြန်းစိစစ်ပြီး မူရင်းနေရပ်ကို
ပြန်လည်ပို့ဆောင်မယ်လို့လည်း ပြော ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မြန်မာ့ရေပြင်မှာ ဖမ်းမိခဲ့တဲ့ တစ်ဖက်နိုင်ငံသားများ ပြန်ပို့ပြီ
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
May 25, 2015
Rating:
5
No comments:
Post a Comment