ထိုင်းနိုင်ငံက နာမည်ကြီးသရုပ်ဆောင် ချူမ်းဖူး အာရယာ နဲ့ သန်းကြွယ်သူဌေးသား နွတ် ၀ိဆရုတ်ရန်း ဆီဆိန်ဖိမ်း တို့ရဲ့ စေ့စပ်မင်္ဂလာပွဲကို The Peninsula Bangkok ဟိုတယ်မှာ မေလ ၆ ရက် မနက်က ကျင်းပခဲ့ပါတယ်။
မင်းသမီးကို သတို့သားဘက်က ဘတ် ၃၅ သန်းတန်ဖိုးရှိ စိန်တဆင်စာ၊ ဘတ် သန်းပေါင်း ၆၀ တန်ဖိုးရှိ မြေကွက်နဲ့ ကွန်ဒိုတိုက်ခန်း အပါအ၀င် ရွှေထည်၊ ငွေထည်၊ ငွေသားတွေပါ စုစုပေါင်း ဘတ် သန်းပေါင်း ၁၀၈ သန်း တင်တောင်းခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ဒီကနေ့စေ့စပ်ပွဲမှာ သတို့သားဘက်က အက်စ် ၃၀၀ အမျိုးအစား ကား ၁၀ စီးနဲ့ ရောက်ရှိ လာပြီး သတိုးသားအရန် ၃၀ ဦး၊ သတိုးသမီးအရန် ၅၀ ဦးတို့ ပါဝင်ကာ ဆွဲကြိုးတားတဲ့ ဂိတ်ပေါင်း ၁၀ ဂိတ်နဲ့ ခမ်းခမ်းနားနားကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
မင်္ဂလာဧည့်ခံပွဲကို မေလ ၁၀ ရက်နေ့မှာ ကျင်းပဖို့ရှိပြီး ဒီဧည့်ခံပွဲဟာ ဒီနှစ်ထဲမှာ အခမ်းနားဆုံးဖြစ်မယ်လို့ ဧည့်ပရိသတ်တွေက ပြောဆိုနေပါတယ်။
ဓာတ်ပုံ – webboard.horoworld.com
http://burmese.dvb.no/archives/91890

No comments:
Post a Comment