Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 6, 2015

မေ၀ယ်သာကို ဇနီးဟောင်းက တရားစွဲ


အမေရိကန် လက်ဝှေ့သမား ဖလော့ဒ်မေ၀ယ်သာကို နာမည်ဖျက် သိက္ခာချမှုနဲ့ ဇနီးဟောင်း ကလေး ၃ ယောက် အမေက လော့စ်အိန်ဂျယ်လိစ် ကောင်တီ တရားရုံးမှာ မေ ၅ ရက်က တရားစွဲဆိုလိုက်ပါတယ်။

၂၀၁၀ ခုနှစ် မူးယစ်ဆေးဝါးမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုအပေါ် မေ၀ယ်သာက လိမ်လည် ပြောဆိုခဲ့တယ်လို့ ရာဟု သတင်းနဲ့အရင်လက အင်တာဗျူးမှာ ဂျိုစီဟားရစ်က ပြောဆိုခဲ့ပြီး ဒေါ်လာ သန်း ၂၀ တောင်းခံထားတယ်လို့ ဒေးလီးမေလ်းသတင်းက ရေးပါတယ်။

၂၀၁၀ ခုနှစ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှာ ဇနီးဟောင်းက ဆိုဖာပေါ် အိပ်နေစဉ် မေ၀ယ်သာက ထိုးရိုက် ကန်ကျောက်ခဲ့သလို ကလေးတွေရှေ့မှာ သူ့ကို ဒယဥ့်တိုက်ဆွဲသွားတယ်လို့ ဟာရစ်ကပြောပါတယ်။

ဒီဖြစ်ရပ်ဖြစ်ပြီးတဲ့နောက်မှာတော့ ဟာရစ်ကို ဆေးရုံပို့ခဲ့ရပြီး ဦးခေါင်း မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

အငြင်းအခုံဖြစ်နေစဉ် မူးယစ်ဆေးဝါးသုံးထားတဲ့အတွက် ဟာရစ်ကို ထိန်းထားတာ ဖြစ်တယ်လို့ မေ၀ယ်သာက အင်တာဗျူးတခုမှာ ပြောဆိုခဲ့တဲ့ အပေါ် တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ ဟာရစ်ကတော့ သူက မူးယစ်ဆေးဝါးသုံးစွဲသူမဟုတ်ဘူးလို့ ပြောပါတယ်။

လတ်ဗွီးဂတ်စ် အိမ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ ဟားရစ်ကို မေ၀ယ်သာက ထိုးခဲ့တဲ့ အတွက် ရဲက မေ၀ယ်သာကို ဖမ်းဆီးခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီး ၁၄ လ အကြာမှာ အပြစ်ရှိကြောင်း ၀န်ခံခဲ့တဲ့နောက်မှာတော့ ထောင်ဒဏ် ၃ လ ချမှတ်ခံခဲ့ရပါတယ်။
http://burmese.dvb.no/archives/91906

No comments:

Post a Comment