Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 6, 2015

ဖေ့စ်ဘွတ်ခ်တွင်ပျံ့နှံ့နေသည့် ပါတီဆိုင်းဘုတ်တင်ထားသော နေအိမ်ကိစ္စကို နေတိုးရှင်းလင်း


ဖေ့စ်ဘွတ်ခ်တွင်ပျံ့နှံ့နေ သည့် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် တင်ထားသော အိမ်သည် မာန် အောင်မြို့ရှိ ၎င်း၏အိမ်ဖြစ်သော် လည်း ယင်းအိမ်တွင် ၎င်းအပါ အဝင် မိသားစုဝင်များ နေထိုင်မှု မရှိသည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ် ကြောင်း နေတိုးက ပြောသည်။

‘‘အဲဒီအိမ်မှာ ကျွန်တော်တို့ မနေတာ ဆယ်နှစ်လောက်ရှိပြီ။ အဲဒီပုံကလည်း လွန်ခဲ့တဲ့သုံးလ လောက်က ပုံဖြစ်နိုင်တယ်။ အခု မရှိပါဘူး’’ဟု ၎င်းက ပြောသည်။

မာန်အောင်ရှိ အဆိုပါအိမ် ကို ဆွေမျိုးများထံလွှဲကာ အိမ်ငှား တင်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်က အဆိုပါအိမ်တွင် ငှားရမ်း နေထိုင်သူသည် ပြည်ခိုင်ဖြိုးပါတီ ဝင်ဖြစ်သောကြောင့် ဆိုင်းဘုတ် တင်ထားခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါအိမ်၌ ၎င်းအိမ်ငှားများမရှိတော့ဘဲ နိုင်ငံခြားသားများအား ငှားထားသော ကြောင့် ပုံတွင်ပါသော ဆိုင်းဘုတ် လည်းမရှိတော့ကြောင်း နေတိုး က ပြောသည်။

‘‘ကျွန်တော်က နိုင်ငံရေးနဲ့ ပတ်သက်ပြီး လုပ်တာမရှိဘူး လေ။ ဒီဟာကလည်း ကျွန်တော်နဲ့ မသက်ဆိုင်ပါဘူး’’ဟု နေတိုးက ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ပြင်ဦးလွင်မြို့ တွင် ‘ရွှေဒင်္ဂါးကို ငွေခင်းကစား မယ်’ဆိုသည့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားပြီး မေလ ၇ ရက် တွင် ဒါရိုက်တာညီညီထွန်းလွင် နှင့် ဗီဒီယိုတစ်ကားရိုက်ကူးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
http://7daydaily.com/story/36670#.VUrkRZOIXap

ပါတီဆိုင်းဘုတ်တင်ထားသော နေအိမ်ကိစ္စကို နေတိုးရှင်းလင်းhttp://www.themeltingpot4u.com/2015/05/070515-7daydailycom.html

Posted by The Melting Pot 4 U on Wednesday, 6 May 2015

No comments:

Post a Comment