Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

အလုပ် မှာ အပြာကားကြည့်နေတဲ့ အစိုးရ၀န်ထမ်း အလုပ်ဖြုတ်ခံရ

ကွန်ပျူတာ တစ်လုံးပေါ်မှာ လူတစ်ယောက် ဘာတွေလုပ်နေလဲ ဆိုတာကို သိမြင်နိုင်ဖို့ ခက်ခဲပါတယ်။
ပြသနာတွေနဲ့ရှုပ်နေတဲ့ Baltimore မြို့တော်က ၀န်ထမ်းတစ်ယောက်ကတော့ သင်ခန်းစာကောင်း ကောင်းရခဲ့ပါတယ်။ Public Works ဌာနမှာ အလုပ်လုပ်တဲ့ ၀န်ထမ်းတစ်ဦးဟာ သူ့ရဲ့ အလုပ် ကွန်ပျူတာ မှာ အပြာကားကြည့်နေတာကို သူ့ရဲ့ သူဋ္ဌေး က သိရှိသွားပြီးတဲ့နောက် အလုပ်ကထုတ်ပယ်ခံလိုက်ရပါတယ်။
သူဋ္ဌေး ကိုလည်း ၀န်ထမ်းတစ်ချို့ က သတင်းပေးလာတဲ့အတွက် ထို ၀န်ထမ်းရဲ့ ကွန်ပျုတာမှာ တစ်နေ့တာ ဘာတွေလုပ်လည်း ဆိုတာကို မှတ်တမ်းတင်နိုင်ဖို့ စောင့်ကြည့် ကိရိယာ တစ်ခုကို လျှို့ဝှက်စွာ တပ်ဆင်ခဲ့ပါတယ်။
ရက်သတ္တပတ် ၂ ပတ် အကြာမှာ Wastewater Treatment စက်ရုံက ထိုဝန်ထမ်းဟာ အလုပ်ကို သူယူဆောင်လာတဲ့ DVD အပြာကား ကို ၃၉ နာရီစာ ကြည့်ရှုထားတယ်လို့ စောင့်ကြည့် ကိရိယာ က မှတ်တမ်းတင်ထားတာကို တွေ့ခဲ့ရပါတယ်။
သူ ဗီဒီယို ကြည့်နေခဲ့တဲ့ နာရီပမာဏကို သူ့ရဲ့ လစာနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါမှာ ၁၁၆၆ ဒေါ်လာ  တန်ဖိုးရှိနေပါတယ်။ မှုခင်း အရာရှိတစ်ယောက်ဖြစ်တဲ့ Rovert Pearre Jr  ရဲ့ပြောကြားချက်အရတော့ Baltimore မြို့တော်မှာ အစိုးရ ၀န်ထမ်းတွေ ရုံးပစ္စည်းတွေကို မြို့တော်တိုးတက်ဖို့အတွက် မဟုတ်ပဲ အသုံးပြုတာကို ဆန့်ကျင်တဲ့ ဥပဒေ ရှိတယ်လို့ဆိုပါတယ်။
ထို ၀န်ထမ်းဟာ ဇန်န၀ါရီလ ၂၀ ရက်နေ့မှာ ပဲ တရားဝင် အလုပ်ကထုတ်ပယ်ခံလိုက်ရပါတယ်။
Ref:elitedaily
http://www.trend.com.mm

No comments:

Post a Comment