CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, April 11, 2015
ဖုန်းနဲ့ တီဗီ Screen ၂ ခုကို တစ်ပြိုင်နက် ကြည့်ရှုခြင်းဟာ ဆေးခြောက် သောက်ထား သကဲ့သို့ ခံစားရစေနိုင်
ငယ်ငယ်တုန်းက အမေပြောတတ်တဲ့ စကားရှိပါတယ်။ အဲဒါကတော့ တီဗီ အရမ်းကြည့်ရင် ဦးနှောက်ကြီး အရည်ပျော်သွား တတ်တယ်တဲ့။ ဟုတ်ပါတယ်။ အမေပြောတာ မှန်ပါတယ်။
ဒိန်းမတ်နိုင်ငံ Copenhagen တက္ကသိုလ်က သုတေသနတစ်ခုအရ သိရတာကတော့ Screen တစ်ခုကို ငေးကြည့်ခြင်း အထူးသဖြင့် ကျွန်ုပ်တို့ရဲ့ အာရုံစူးစိုက်မှုတွေကို ဖုန်းကနေတီဗီသို့ ပြောင်းလဲလိုက် ပြန်ကြည့်လိုက် လုပ်နေတာမျိုးတွေဟာ ဦးနှောက် နဲ့ ဥာဏ်ရည်ကို တိုက်ရိုက် ထိတွေ့မှုတွေ ရှိနေပါတယ်။
ကျွန်ုပ်တို့ဟာ Screen တစ်ခုကနေ နောက်တစ်ခုကို ပြောင်းပြီး အာရုံစိုက်လိုက်တဲ့အခါမှာ ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ Dopamine ဆိုတဲ့ ဓာတုတစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ တစ်နည်းအားဖြင့် Dopamine ဟာ ကျွန်ုပ်တို့ မူးယစ်ဆေးဝါး သုံးစွဲတဲ့အခါမှာ ထွက်တဲ့ ဓာတုတစ်မျိုး ပါ။
ဒါကြောင့် သုတေသီတွေ ဖော်ပြခဲ့တာကတော့ Screen ၂ ခုကိုတစ်ပြိုင်နက် ကြည့်ရှုခြင်းဟာ ဆေးခြောက်သောက်ပြီး မူးဝေထုံထိုင်းကာ ပြဲသွားသလို သက်ရောက်မှုမျိုး ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
ရေရှည်မှာဆိုရင် မျက်နှာပြင် ၂ ခုတစ်ပြိုင်နက် ကြည့်ရှုခြင်းဟာ ဆေးခြောက်သောက်တာထက် ပိုဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့လည်း သုတေသီတွေက ဆိုပါတယ်။
Trend Myanmar
ဖုန်းနဲ့ တီဗီ Screen ၂ ခုကို တစ်ပြိုင်နက် ကြည့်ရှုခြင်းဟာ ဆေးခြောက် သောက်ထား သကဲ့သို့ ခံစားရစေနိုင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 11, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment