Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 11, 2015

Plucking hairs could help treat baldness ထိပ်ပြောင်နေသူတွေကို ဆံပင်နုတ်ပေးနည်း


- ၁ဝ-၄ဝ၂ဝ၁၅ ဆေးသုတေသနသတင်းမှာ ထိပ်ပြောင်နေသူတွေကို ကုသနည်းအသစ် အလားအလာကောင်းတယ်လို့ ဆိုပါတယ်။ ဒီနည်းက ရှိနေတဲ့ဆံပင်တွေကိုနုတ်ပြစ်တာပါ။ 
- ဆေးသုတေသနလုပ်သူတွေက ၃-၅ မီလီမီတာအကျယ်နေရာက ဆံပင်တွေကိုနုတ်လိုက်တော့ ဆံပင်အသစ် ၄၅ဝ ကနေ ၁၃ဝဝ အထိပေါက်လာတာတွေ့ရှိရတယ်။ 
- ကယ်လီဖိုးနီးယားမှာရှိတဲ့ Keck School of Medicine (ကက်) ဆေးကျောင်းပက ပါမောက Cheng-Ming Chuong ချန်-မင် ချောင်း ဦးဆောင်ပြီး သုတေသနလုပ်ခဲ့တာဖြစ်ပါတယ်။ ကြွက်တွေကိုစမ်းတယ်။ အမွှေး ၂ဝဝ ကိုနုတ်ပြစ်တာ ၁၃ဝဝ ပြန်ပေါက်လာတယ်။
- ယောက်ျားပုံစံဆံပင်ကျွတ်တာက ယောက်ျားတွေမှာ ၉၅% ရှိတယ်။ အသက် ၃၅ နှစ်ရှိလာပြီဆိုရင် ၃ ယောက်မှာ ၂ ယောက်က ထိပ်ပြောင်ကြပြီ။ အမျိုးသမီးတွေမှာ ၄ဝ% ဆံပင်ကျွတ်ကြတယ်။ female pattern baldness -မိန်းမပုံစံ ဆံပင်ကျွတ်ခြင်း၊ traction alopecia နေရာကွက်ပြီး ဆံပင်ကျွတ်ခြင်းကြောင့်ဖြစ်ကြရတယ်။ ဒုတိယအမျိုးအစားဟာ ဆံပင်ပေါက်ရာကို ထိခိုက်မိလို့ကနေဖြစ်တယ်။ 
- ဆံပင်ပေါက်ရာနေရာကို ထိခိုက်မိရင် ဘေးနေရာမှာ ဆံပင်အသစ်ပေါက်လာနိုင်တာကို သိရှိထားပြီးဖြစ်ပါတယ်။ ဒီအခြေခံကနေဆက်ပြီး သုတေသနလုပ်တာဖြစ်တယ်။ 
- သုတေသနမှာ ၆ မီလီမီတာနေရာကနေ အမွှေးနုတ်ရင်တော့ ဆံပင်သစ်ပေါက်မလာတာတွေ့ရတယ်။ ၃-၅ မီလီမီတာကွက်ဆိုမှသာ နေရာမှာ ဆံပင်သစ်ပေါက်တယ်။ 
- ခုခံအားဆဲလ်တွေကို distress signal အချက်ပြရလာလို့ဆိုတဲ့အချက်နဲ့ tumor necrosis factor alpha (TNF-α) အချက်ကြောင့်လို့ ရှင်းပြပါတယ်။ 
- ပြီးခဲ့တဲ့ ဇန္နဝါရီလတုံးကလည်း Sanford-Burnham Medical Research Institute အင်စတီကျုကနေ human pluripotent stem cells စတမ်ဆဲလ်သုံးပြီး ဆံပင်ပြန်ပေါက်ဘို့ စမ်းသပ်နေတယ်လို့သိရပါတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၄-၂ဝ၁၅
http://www.medicalnewstoday.com/articles/292229.php

No comments:

Post a Comment