Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 25, 2015

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

Saturday, April 25, 2015
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်ဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို ဆွေးနွေးရန်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ဆက်လက်ပူးပေါင်းလုပ်ဆောင်ကြရန် ဗဟို အလုပ်အမှုဆောင်အဖွဲ့နှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)အဖွဲ့တို့ NLD ဌာနချုပ်ရုံးတွင် ဧပြီ ၂၅ ရက် နံနက် ၁၀ နာရီ တွင် တွေ့ဆုံဆွေးနွေးသည်။
NLD ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက `ပါတီဥက္ကဋ္ဌကြီးရဲ့ အစီအစဉ်နဲ့တွေ့တာ ဘာအတွက်လဲဆို လက်ရှိဖြစ်ပေါ် နေတဲ့ နိုင်ငံရေးအခြေအနေ မကြာခင်ရောက်ရှိတော့မယ့် ရွေးကောက်ပွဲကိစ္စ အသိအမြင် ဖလှယ်ကြတယ်။ အဓိကကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ ငြိမ်းချမ်းရေး Process လုပ်နေတဲ့ အခြေအနေတွေ ကို အမြင်ချင်းဖလှယ်ကြတာ ၈၈ နဲ့ NLD နဲ့က အားလုံးရဲ့ရင်ထဲမှာ ခံစားမှုအတူတူပဲ`ဟု ဆိုသည်။
၈၈ မျိုးဆက်(ငြိမ်း/ပွင့်)ခေါင်းဆောင် မင်းကိုနိုင်က `အရေးကြီးတာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ရေးဆိုတဲ့ ပင်မရေစီးကြောင်း ပပျောက်ဖို့ဘဲ။ ၂၀၁၅ မှာ အချိုးအကွေ့တွေ တော်တော်များ တယ်။ ကျွန်တော်တို့တွေ ညှိကြတယ်။ တော်တော်များများ သဘောထားတူပြီးသားပဲ။ အလုပ်လုပ်တဲ့အခါ ကျရင် တိုင်းပြည်ကို ဘယ်လိုရှင်းလင်းတဲ့သတင်စကားပေးကြမလဲ။ ရွေးကောက်ပွဲကိစ္စ ဖွဲ့စည်းပုံပြင်ဆင်ရေး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲအပေါ်မှာ ပြည်သူလူထု နား၊ မျက်စိ မရှင်းတာတွေကို ဘယ်လောက်ရှင်းရှင်းလင်း လင်း ပြောနိုင်မလဲဆိုတာ ဆွေးနွေးကြတယ်`ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲကိစ္စတွင်လည်း NLD နှင့် ၈၈ မျိုးဆက်တို့ပူးပေါင်း၍ သဘောထားတူညီကြသည့် လုပ်ငန်း စဉ်များကို ပူးတွဲလုပ်ဆောင်သွားရန်ရှိကြောင်း၊ နောက်ထပ်ဆွေးနွေးမှုများကို မကြာခဏတွေ့ဆုံကြမည်ဟု သဘောတူညီခဲ့ကြသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment