CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, April 20, 2015
သက်တော် ၆၈ ရှိ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရမှု ကရင်လက်နက်ကိုင်အဖွဲ့များ အထူးခုံရုံးဖွဲ့၍ တရားစီရင်မည်
ဧပြီ - ၂၀ - ၂၀၁၅
ကရင်လက်နက်ကိုင်အဖွဲ့တခုက ၅ ဦးပါအဖွဲ့က သက်တော် ၆၈ နှစ်ရှိ ဆရာတော် ဦးကုသလ ကို သတ်ဖြတ်လိုက်တဲ့အမှုနဲ့ပတ်သက်ပြီး တရားစီရင်ဘို့အတွက် ကရင်လက်နက်ကိုင်အဖွဲ့များက ပူးပေါင်းပြီး ၉ ဦးပါ အထူးခုံရုံးအဖွဲ့ကို ဒီနေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၇ မှာ ဖွဲ့စည်းလိုက်ပြီး အမြန်ဆုံးတရားစီရင်သွားမယ်လို့ အဲဒီခုံရုံးမှာပါတဲ့ အဖွဲ့ဝင်တွေကပြောပါတယ်။
အသတ်ခံရတဲ့ ဆရာတော်ဦးကုသလ သက်တော် ၆၈ နှစ် ၀ါတော် ၁၉ ၀ါကို ယမန်နှစ်ကုန်ပိုင်းက ကရင်လက်နက်ကိုင်အဖွဲ့တခုက တပ်ဖွဲ့ဝင် ၅ ဦးက သစ်ခုတ်တဲ့ကိစ္စကနေ အချင်းများပြီး သတ်ဖြတ်လိုက်တဲ့အမှု ဖြစ်ပါတယ်။
အသတ်ခံရတဲ့ဆရာတော်ဟာ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ပိုင်ကျုံ မြို့ နယ်ခွဲက မယ်လရွာသစ်မှာ ကျောင်းထိုင်တဲ့ ဆရာတော်ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ထိရောက်တဲ့အရေးယူမှုတွေ မရှိခဲ့ရင်တော့ ဒေသခံရဟန်းရှင်လူတွေက နယ်လုံးကျွတ် ဆန္ဒပြကြမယ်လို့လည်း ပြောဆိုနေကြပါတယ်။
ကရင်အရေးလေ့လာနေသူတွေကတော့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ တရားဥပဒေစိုးးမိုးမှု အတိုင်းအတာ ဘယ်လောက်ရှိလည်း ဆိုတာကိုတော့ ဒီအမှုဖြစ်စဉ်နဲ့တရားစီရင်ရေးကို စောင့်ကြည့်ရမယ်လို့ဆိုပါတယ်။
ပုံစာ - အထူးခုံရုံးဖွဲ့အပြီးမှာတွေ့ရတဲ့ ခုံသမာဓိအဖွဲ့နဲ့ ဒေသခံရဟန်းရှင်လူများ။
ကရင်အမျိုးသား- မီဒီယာ
သက်တော် ၆၈ ရှိ ကျောင်းထိုင်ဘုန်းကြီး အသတ်ခံရမှု ကရင်လက်နက်ကိုင်အဖွဲ့များ အထူးခုံရုံးဖွဲ့၍ တရားစီရင်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 20, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment