Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

ရုရှဟက်ကာများ ပင်တဂွန်ကွန်ရက်သို့ ထိုးဖောက် ၀င်ရောက်


ရုရှ ဟက်ကာ များသည် ယခုနှစ် အစော ပိုင်းက ပင်တဂွန်၏ လျို့ဝှက် အဆင့် အတန်းမရှိသည့် ပင်တဂွန်၏ ကွန်ပြူတာ တစ်လုံးသို့ ၀င်ရောက်နိုင် ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေး ၀န်ကြီး အက်ရှ်တန်  ကာတာက ဧပြီ ၂၃ တွင်ပြော ကြားခဲ့သည်။  ယင်းသို့ဝင်ရောက် ရန်ကြိုး ပမ်းနေမှုကို ချက်ခြင်းခွဲခြားသိရှိနိုင်ခဲ့ပြီး ထိုးဖောက်ဝင်ရောက်သူများကို ၂၄ နာရီအတွင်း ရှာဖွေဖော်ထုတ်သည့် အဖွဲ့တစ်ဖွဲ့ကိုလည်း ၄င်းတို့တွင် ရှိသည်ဟု အက်ရှ်တန်က ဆိုသည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ စတန်းဖို့ဒ် တက္ကသိုလ်တွင် နည်းပညာ၊ ဆိုက်ဘာ လုံခြုံရေးတို့နှင့် ပတ်သက်သော မိန့်ခွန်းတစ်ခုတွင် အက်ရှ်တန်ကယင်း သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
kjvnifdnbubnf
" ဒီနှစ်အစောပိုင်းက ကာကွယ်ရေးဋ္ဌာနရဲ့ လျို့ဝှက်အဆင့် မဟုတ်တဲ့ ကွန်ရက်တွေ ကိုစောင့်ကြပ်တဲ့ အာရုံခံ ကိရိယာတွေက ကျွန်တော် တို့ကွန်ရက်တွေထဲက တစ်ခုဆီကို  ၀င်ရောက်နေတဲ့ ရုရှဟက်ကာတွေကို စုံးစမ်းသိရှိ ခဲ့ပါတယ် " ဟုကာတာ ကဆိုသည်။
ရုရှားသည် ကရိုင်းမီးယားနှင့် ယူကရိန်း အရှေ့ပိုင်းတွင် အင်အားပြသ ပြီးနောက် ဆိုက်ဘာ လုံခြုံရေး နယ်ပယ် တွင်လည်း အင်အားပြရေး ကြိုးပမ်းနေသည်ဟု အမျိုးသား လုံခြုံရေးအေဂျင်စီ  အကြီးအကဲ  မိုက်ကယ်ရောဂျားစ်က မတ်လ ကပြောကြား ခဲ့သည်။ ရုရှားသည် ဆိုက်ဘာနယ်တွင် ပိုမို ထင်သာမြင် သာရှိသော နည်းလမ်းဖြင့် လွန်စွာ ပိုမိုတက် ကြွနေ သည်ဟု ရှုမြင်ကြောင်း ၄င်းက ကွန်ဂရက်ကြားနာမှုတစ်ခု တွင်ပြောကြားခဲ့သည်။
ကာတာသည် ပင်တဂွန်နှင့် အဆင့်မြင့်နည်းပညာကဏ္ဍဆက်သွယ်မှုခိုင်မာစေရေးအတွက် ဧပြီ၂၃ နှင့် ၂၄ တွင် ဆီလီကွန်တောင်ကြားတွင် ရှိနေခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/43590-2015-04-24-14-45-18

No comments:

Post a Comment