Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

အမေရိကန် စစ်စခန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက် ကာနွေဦးထိုးစစ်ကို တာလီဘန် တို့စတင်


 တာလီဘန်တို့သည် မကြာသေးခင် ကကြေညာခဲ့ သည့်အတိုင်းကဘူးလ်မြို့ပြင်ရှိ အမေရိကန် စစ်စခန်း တစ်ခုကို ဧပြီ ၂၄ က ဒုံးကျည် များဖြင့် ပစ်ခတ်ခြင်းဖြင့်နွေဦး ထိုးစစ်ကို တစ်နှစ်အတွင်း စတင်ခဲ့သည်။ ထို့အပြင်တာ လီဘန်တို့သည် ပြည်နယ်မြို့တော်ရှိ အစိုးရ အဆောက် အအုံ များကိုပစ် မှတ်ထား တိုက်ခိုက် ခဲ့သည်။.
ဒုံးကျည်ဖြင့် တိုက်ခိုက် မှုတစ်ခုတွင် အသေအပျောက် မရှိခဲ့ကြောင်း အရာရှိများ ကပြောကြား ခဲ့သည်။ ဒီဇင် ဘာလ ကနေတိုးက ၄င်းတို့၏ ၁၃နှစ်ကြာတိုက် ခိုက်ရေး မစ်ရှင်ကို အဆုံးသတ်ခဲ့သည့် အတွက် ယခုနှစ်၏ တိုက်ခိုက်ရေး ရာသီမှာပြင်းထန် မည်ဟုမျှော်လင့် ရသည်။
နိုင်ငံတစ်ဝန်းတိုက်ခိုက်မှု၁၀၈ ခုပြုလုပ်မည်ဖြစ်ကာမြို့တော်ကဘူးလ်မြို့ပြင်ရှိ ဘာဂရမ်လေတပ်အခြေစိုက်စခန်းမှ အမေရိကန်အများအပြား ကိုသေကြေဒဏ် ရာရရှိအောင်ပြု လုပ်မည်ဟု တာလီဘန်တို့က အီးမေးလ်ကြေညာ ချက်တစ်ခု တွင်ပြောကြား ခဲ့သည်။ဒုံးကျည် တစ်ခုမှာ ဘာဂရမ် အခြေစိုက်စခန်း အတွင်း ကျရောက်ခဲ့သော်လည်း ထိခိုက်သူမရှိကြောင်း အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များကိုထောက်ပံ့လေ့ ကျင့်ပေးနေသောနေတိုး ဦးဆောင်ညွှန့်ပေါင်း အဖွဲ့ကပြော ကြားခဲ့သည်။
တာလီဘန်တို့သည် သဘောထားတင်းမာသောအစ္စလာမစ်အစိုးရကို အမေရိကန်ကျောထောက်နောက်ခံ အာဖဂန်တပ်များက ၂၀၀၁ခုနှစ် တွင်ဖြုတ်ချ ခဲ့ပြီးက တည်းက အာဖဂန် အစိုးရကို တိုက်ခိုက် လျက်ရှိသည်။ ဧပြီ ၂၄ က တာလီဘန် တို့၏ ဒုံးကျည် အချို့ အာဖဂန် အလယ်ပိုင်း ဂတ်ဇနီပြည် နယ်၏ မြို့တော်သို့ ကျရောက် ခဲ့သည်ဟု ဒုတိယ အုပ်ချုပ်ရေးမှူး မိုဟာမက် အလီအာမာဒီ ကပြောကြားခဲ့သည်။
ဒုံးကျည်တစ်ခုမှာ ဒေသဆိုင်ရာအမျိုးသမီးရေးရာဋ္ဌာနအဆောက်အအုံ၏ ဘေးတွင်ကျရောက်ခြဲ့ပီး နောက်တစ်လုံးမှာအုပ်ချုပ်ရေးမှူး၏ ခြံဝန်းအတွင်းကျရောက်ခဲ့သည်။ နောက်တစ်ခုမှာ ပြတိုက်တစ်ခု၏ နံရံကိုထိမှန်ခဲ့သည်။ သို့သော်ထိခိုက်သေဆုံးမှုနှင့် ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုမရှိခဲ့ဟု အာမာဒီကပြောသည်။ တောင်ပိုင်းရှိ ကန်ဒါဟာမြို့တွင်မူ ဗုံးတစ် လုံးပေါက်ကွဲ မှုကြောင့် အရပ်သား သုံးဦးဒဏ်ရာ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ ကပြောသည်။ လွန်ခဲ့သည့်နှစ်က အာဖဂန်တွင် တိုက်ခိုက် မှုများကြောင့် အရပ်သား ၁၀,၀၀၀ကျော်သေကြေဒဏ်ရာ ရရှိခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/43589-2015-04-24-14-24-24

No comments:

Post a Comment