Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 24, 2015

ဆွစ်ဇာလန်က ကမ္ဘာ့အပျော် ဆုံးနိုင်ငံဖြစ်ဟု သုတေသီ များပြောကြား၊ မြန်မာက အဆင့် ၁၂၉သာရရှိ


 ဆွစ်ဇာလန်တွင် ကမ္ဘာ့အပျော် ဆုံးပြည်သူများရှိနေ သည်ဟုဧပြီ၂၃က ထုတ်ပြန် လိုက်သောလေ့လာမှုတစ်ခုတွင် သုတေသီများကပြော ကြားခဲ့ သည်။နှစ်ပါတ်လည် ကမ္ဘာ့ပျော်ရွှင်မှု အစီအရင်ခံစာ (World Happiness Report) တွင် ဆွစ်ဇာလန် ၏နောက်ကို အိုက်စလန်၊ ဒိန်းမတ်၊နော်ဝေနှင့် ကနေဒါတို့ ကနောက်မှ ကပ်လိုက် ခဲ့သည်။ပျော်ရွှင်မှု တိုင်းတာသည့် အဆင့်များ ကိုနိုင်ငံပေါင်း ၁၅၈နိုင်ငံ မှပြည်သူများ ၏ပျော်ရွှင်မှု၊ ကြွယ်ဝမှုတို့ကို အခြေခံ ၍လေ့လာ တိုင်းတာခဲ့ခြင်းဖြစ် သည်ဆိုသည်။ လေ့လာမှုကို Sustainable Development Solutions Network (SDSN) အဖွဲ့ကပြုလုပ် ခဲ့ခြင်းဖြစ်ပြီး မပျော်ရွှင် ဆုံးပြည်သူများမှာ တိုဂို၊ဘူရွန်ဒီ၊ ဆီးရီးယား၊ ဘီနင်နှင့် ရ၀မ်ဒါနိုင်ငံတို့ တွင်နေထိုင်လျက်ရှိကြောင်းတွေ့ ရှိခဲ့သည်။ အစီအရင်ခံစာကို နယူးယောက်ရှိ ကိုလမ်ဘီယာတက္ကသိုလ် Earth Institute တွင်တင်ပြ ခဲ့ခြင်းဖြစ်သည်။ " ဒီအစီအရင်ခံစာ ကပေးတဲ့အထောက်အထားကတော့ လူ့အဖွဲ့အစည်း သာယာဝပြောအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အထောက်အထားပါပဲ။ ဒါဟာငွေတစ်ခု တည်းတင်မကပဲ၊ မျှတမှု၊ ရိုးသားမှု၊ ယုံကြည်မှုနဲ့ ကျန်းမာရေးကောင်းမွန် မှုတို့လည်း ပါဝင်ပါတယ် " ဟု Earth Institute ၏ဒါရိုက်တာ ဂျက်ဖရီဆက်ခ်ျ ကပြော ကြားခဲ့သည်။ အာရှနိုင်ငံများအနက် ယူအေအီးက အဆင့် ၂၀ ဖြင့်အမြင့်ဆုံးဖြစ်ပြီး အိုမန်က ၂၂ ရကာ စင်ကာပူ အဆင့်၂၄ရသည်။ ထို့အပြင် ထိုင်း ၃၄၊ ထိုင်ဝမ်း၃၈၊ ဂျပန် ၄၆၊တောင်ကိုရီးယား ၄၇၊မလေးရှား ၆၁နှင့်ဟောင်ကောင်က၇၂ဖြစ်သည်။မြန်မာနိုင်ငံက အဆင့်၁၂၉သာရရှိခဲ့သည်။ အာရှနိုင်ငံကြီးနှစ်ခုဖြစ်သော တရုတ်နှင့် အိန္ဒိယတို့မှာ အဆင့် ၈၄နှင့် ၁၁၇ သာရရှိခဲ့သည်။. ၂၀၁၂ခုနှစ်က ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့သော ယင်းလေ့လာမှုက ကျန်းမာစွာအသက်ရှည်မှု၊ လူမှုရေးဆိုင်ရာထောက်ပံ့သည့်စနစ်များရှိမှု၊ လွတ်လပ်စွာရွေး ချယ်နိုင်ခွင့်နှင့် ဂျီဒီပီကဲ့သို့ အချက်များကို အဓိကထား ၍လေ့လာ ခဲ့ခြင်ဖြစ်သည်။ ပျမ်းမျှအားဖြင့် အမျိုးသမီးများက မိမိတို့၏ပျော်ရွှင်မှုကို အကဲဖြတ်ချက်က အမျိုးသားများထက်အနည်းငယ် မြင့်မားသည်။ ထိပ်ဆုံးဆယ်နိုင်ငံအနက် ကိုးနိုင်ငံ မှာ ၂၀၁၃ ခုနှစ်ကလည်း ထိပ်ဆုံး စာရင်းတွင် ပါဝင်ခဲ့သည်။ ၂၀၁၃ခုနှစ်က ဒိန်းမတ်က ထိပ်ဆုံးနေရာ ရှိခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/43591-2015-04-24-14-56-00

No comments:

Post a Comment