Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 11, 2015

မြန်မာလူငယ်သေဆုံးမှု တရားခံကို လူသတ်မှုဖြင့် စွဲချက်တင်မည်


                                      တရားခံ လာအိုလူငယ် အဲလက်စ် ဗွန်ဆိုပန်ု
မြန်မာလူငယ်တစ်ဦးကို ပြီးခဲ့သော ဒီဇင်ဘာလက လက်သီးဖြင့် ထိုးကြိတ်ခဲ့၍ သေဆုံးမှုဖြင့် ဖမ်းဆီးထားသည့် လာအိုလူမျိုး လူငယ်ကို လူသတ်မှုအပါအဝင် ပြစ်မှုမျိုးစုံဖြင့် စွဲချက်တင်မည်ဖြစ်ကြောင်း လတ်စ်ဗေးဂတ်စ် မြို့တော်ရဲတပ်ဖွဲ့က ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ပါသည်။။အခင်းဖြစ်ပွားပုံမှာ ဒီဇင်ဘာ ၂၇ ရက်နေ့ညတွင် ကျင်းပသော မွေးနေ့ပါတီပွဲအပြီး နောက်တစ်နေ့ နံနက်မိုးသောက်ချိန် နံနက် ၃ နာရီခန့်တွင် မြန်မာလူငယ် ကိုရာပြည့် ခေါ် William Parke (၂၅ နှစ်) ကို အဲလက်စ် ဗွန်ဆိုပန် (၂၁ နှစ်) က လက်သီးဖြင့် ထိုးသောကြောင့် လဲကျသတိမေ့မျောသွားရာမှ သေဆုံးခဲ့ရသော အမှု ဖြစ်သည်။ နီဗားဒါးပြည်နယ်တက္ကသိုလ် ဇီဝဗေဒ နောက်ဆုံးနှစ်ကျောင်းသား ကိုရာပြည့်သည် ဗနီရှန်ဟိုတယ်တွင် အခန်းတစ်ခုငှား၍ ကျင်းပသော ရည်းစားဟောင်းဖြစ်သူ ဖိလိပိုင်အမျိုးသမီး ခရစ်ဇန် နိကိုလ် ဖွန်တာနီလာ၏ မွေးနေ့ပွဲသို့ သွားရောက်ခဲ့သည်။ တရားခံ ဗွန်ဆိုပန်လည်း ပါတီဧည့်သည်တစ်ဦး ဖြစ်သည်။ ပါတီပွဲတွင် အသံအလွန်ဆူညံသောကြောင့် ကိုရာပြည့်သည် တရားခံ ဗွန်ဆိုပန်နှင့် မင်းနောက်စ်ဆိုသူ အပါအဝင် ဧည့်သည်အချို့ကို အခန်းပြင်သို့ ထွက်ခိုင်းခဲ့သည်။ ပါတီကျင်းပသော အခန်းမှ ထွက်သွားသော်လည်း ဗွန်ဆိုပန်နှင့် မင်းနောက်စ်သည် ဟိုတယ်ထဲတွင် ဆက်ပြီး ရှိနေပါသည်။ ပါတီပွဲအပြီးတွင် ကိုရာပြည့်သည် မွေးနေ့ရှင် ဖွန်တာနီလာနှင့်အတူ မွေးနေ့လက်ဆောင်များကို အပြင်သို့ ကူညီ သယ်ယူပေးနေစဉ် မင်းနောက်စ်က ကိုရာပြည့်ထံသို့ ရန်လိုစွာ ချဉ်းကပ်လာခဲ့သည်။ ဖွန်တာနီလာက မင်းနောက်စ်အား ချော့မော့နှစ်သိမ့်၍ အခြားသို့ ဆွဲခေါ်ရန် ကြိုးစားနေစဉ် ဗွန်ဆိုပန်က ကိုရာပြည့်၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်၏။ အရပ် ၅ ပေ ၁၁ လက်မနှင့် ကိုယ်အလေးချိန် ပေါင် ၂၂၀ ရှိသော ဗွန်ဆိုပန်က အားဖြင့် ထိုးလိုက်သော လက်သီးဒဏ်ကြောင့် ကိုရာပြည့်၏ ဦးခေါင်းသည် လက်ယာဖက်သို့ စောင်းကာ လည်ပင်းရိုးကျိုးပြီး ကျောက်ပြားခင်း ကြမ်းပေါ်သို့ လဲကျသွားကြောင်း ရဲမှုခင်းဆရာဝန်၏ ဆေးစစ်ချက်တွင် ဖော်ပြထားသည်။ ကိုရာပြည့်သည် ထိုအချိန်မှစ၍ သတိပြန်မလည်တော့ဘဲ အသက်ရှင်ရန် မျှော်လင့်ချက် မရှိတော့သောကြောင့် ဆန်းရိုက်စ်ဆေးရုံပေါ်တွင် အသက်ဆက် အထောက်အကူ ကိရိယာများကို ဖြုတ်လိုက်၍ ဒီဇင်ဘာ ၂၉ ရက်တွင် ကွယ်လွန်သွားခဲ့ရပါသည်။ တရားခံ ဗွန်ဆိုပန်သည် အခင်းဖြစ်ပွားရာမှ ထွက်ပြေးတိမ်းရှောင်နေကာ ဇန်နဝါရီ ၁၉ ရက်နေ့ကျမှ ကယ်လီဖိုးနီးယားပြည်နယ်တွင် ရဲက ဖမ်းဆီးမိခဲ့သည်။ ၎င်းအား ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ရဲအချုပ်မှ အကျဉ်းထောင်သို့ လွှဲပြောင်း ချုပ်နှောင်ထားခဲ့သည်။ တရားခံ ဗွန်ဆိုပန်အပေါ် လူသတ်မှု၊ ကြံစည်မှုနှင့် အခြား ပြစ်မှုများဖြင့် စွဲချက်တင်ထားသည်။ သေဆုံးသွားသော မြန်မာလူငယ် ကိုရာပြည့်သည် ဆရာဝန်ဖြစ်ရန် ရည်မှန်းချက်ဖြင့် ဇီဝဗေဒဘာသာ နောက်ဆုံးနှစ် ပညာသင်ကြားနေသူ ဖြစ်သည်။ ထို့အပြင်၊ အိမ်မြေရောင်းဝယ်ရေးလုပ်ငန်းတွင်လည်း အောင်မြင်မှု ရနေသော လိုင်စင်ရ ပွဲစားတစ်ဦးလည်း ဖြစ်၏။ မြန်မာနိုင်ငံတွင် ရှိစဉ်က ဆိုကရေးတီးပြိုင်ပွဲ ရွှေတံဆိပ်ရ မြန်မာ့ရိုးရာ အကမင်းသားလည်း ဖြစ်သည်။
http://kabarthit.com/index.php?option=com_content&view=article&id=620:2015-04-10-21-03-08&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment