![]() |
Barman becomes fastest man to run around world - covering 16,300 miles in 621 days |
ကမ္ဘာတစ်ဝန်းသို့ ရက်ပေါင်း ၆၂၁ ရက်အတွင်း ပြေး၍ ခရီးနှင် ခဲ့သည့် ဗြိတိန်နိုင်ငံမှ အမျိုးသား တစ်ဦးသည် ၄င်း၏ခရီးစဉ် ပြီးဆုံးပြီးနောက် ကမ္ဘာ့ အမြန်ဆုံး ခရီးသွား အဖြစ် မှတ်တမ်းတင် နိုင်ခဲ့ကြောင်း ဗြိတိန်နိုင်ငံထုတ် သတင်းစာ တစ်စောင်၌ ယမန်နေ့တွင် ဖော်ပြခဲ့သည်။
ကီဗင်ကားလ် အမည်ရှိ အသက် ၃၄ နှစ်အရွယ် အမျိုးသားသည် ဒီဗွန်ခရိုင် ဝေးကွန်း မြို့မှဖြစ်ပြီး ကမ္ဘာတစ်ပတ် ခရီးစဉ်အတွင်း နိုင်ငံပေါင်း ၂၆ နိုင်ငံကို ခြေကျင်ပြေး၍ ဖြတ်သန်းခဲ့သူ ဖြစ်သည်။ အဆိုပါ ခရီးစဉ်အတွင်း ကီဗင်သည် ယင်းခရီးစဉ် အတွင်း ရှုးဖိနပ် အစုံ ၁၆ ရန် လဲလှယ် ဝတ်ဆင်ခဲ့ရပြီး အသက် အန္တရာယ်နှင့် လည်းကြုံတွေ့ ခဲ့ရသည်။ ၄င်း အမျိုးသားသည် အဆိုပါခရီးစဉ်ကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လက စတင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာပတ် ခရီးစဉ်ကို နှစ်နှစ်ခန့်ကြာ သွားရောက် ခဲ့ပြီးနောက် အမိနိုင်ငံ ဖြစ်သည့် ဗြိတိန်နိုင်ငံ သို့ ဧပြီ ၉ ရက်က ပြန်လည် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာပတ် ခရီးစဉ်တွင် ဥရောပ၊ အာရှ၊ သြစတြေးလျနှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း များစွာကို ဖြတ်သန်းခဲ့ ရသည်ဟု သိရသည်။
ကီဗင် သည် ခရီးစဉ် အတွင်း ခွေးအ, များ၏ လိုက်လံ တိုက်ခိုက်ခြင်း ကို ခံခဲ့ရသည့် အပြင် ဆိုးရွားလှသည့် ရာသီဥတု ဒဏ်ကြောင့် ဖျားနာခြင်း ကိုပါ ခံစားခဲ့ရ သည်ဟု ထုတ်ပြန်ချက် များအရ သိရသည်။ ၄င်းသည် ဝက်ဝံများ၏ တိုက်ခိုက်မှု ကိုပါ ကြုံတွေ့ခဲ့ရပြီး အိန္ဒိယနိုင်ငံ သို့ ရောက်ရှိစဉ် အတွင်း မော်တော်ကား တိုက်မှုကိုပါ ခံရရုံ သာမက အပူရှပ် မှုကြောင့် ဖျားနာ ခဲ့ပြီးနောက် ၄င်း၏ ကမ္ဘာပတ် ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ ကမ္ဘာ့ အမြန်ဆုံး ခြေကျင်ပြေး၍ အမြန်ဆုံး ခရီးသည်အဖြစ် မှတ်တမ်းတင် နိုင်ခဲ့မှုကြောင့် ကြုံတွေ့ခဲ့သည့် အခက်အခဲ၊ ဒုက္ခများကို မေ့လျော့ခဲ့သည့် အပြင် အထူးပင် ဝမ်းမြောက်မိ ကြောင်းနှင့် ၄င်း၏ အပြန်ခရီးတွင် လာရောက် စောင့်ကြို နေသူများကို လည်း ကျေးဇူးတင် ရှိကြောင်း ကီဗင် က ပြောကြားသည်ဟု သိရသည်။
#PyiChitThar
No comments:
Post a Comment