ရှုးဖိနပ်များစွာ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ဦးတစ်နေနဲ့ နောက်ထပ်တစ်ရံ လိုမြဲလိုအပ်နေတတ်ကြပါတယ်။ Smart Shoes က ၄င်းရဲ့ အရောင်နဲ့ ဒီဇိုင်းတွေ မိမိလိုသလို ပြောင်းနိုင်တယ်။ အဲဒီအတွက် မိမိမိုဘိုင်းလ်ဖုန်း app မှ click တစ်ချက်သာ နှိပ်ရုံပင်ဖြစ်ပါတယ်။
Smart shoes အမျိုးအစားတစ်ခုဖြစ်တဲ့ Volvorii မှာ e-paper display တစ်ခုပါရှိပြီး မိုဘိုင်းလ်ဖုန်း app တစ်ခုမှတဆင့် ၄င်းရဲ့ အရောင်နဲ့ ဒီဇိုင်းကို ပြောင်းလဲနိုင်တယ်လို့ အဓိကဒီဇိုင်နာ Wallen Mphepo က ပြောဆိုခဲ့ပါတယ်။ Smart shoes ကို Bluetooth မှတဆင့် မိုဘိုင်းလ်ဖုန်းနဲ့ ချိတ်ထားပါတယ်။
နောက်ဆုံး ဗားရှင်းမှာဆို လျှပ်စစ်သံလိုက်ကို အခြေခံပြီး ကြိုးမဲ့ အားပြန်သွင်းနိုင်တဲ့ ဘက်ထရီ ပါရှိပါတယ်။ ရေ သို့မဟုတ် ကျန်းမာရေးကြောင့် ထိခိုက် အန္တရာယ်မဖြစ်အောင် ရှိုးဖိနပ်ထဲ chips တွေ ထည့်သွင်းထားပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေက အမျိုးသမီးတစ်ယောက်ချင်းစီမှာ ပျှမ်းမျှအားဖြင့် ဖိနပ် ၁၉ ရံခန့် ပိုင်ဆိုင်ကြတယ်လို့ သိရပါတယ်။ အဝတ်အစားနဲ့ လိုက်ဖက်မှု မရှိတာကြောင့် ၄င်းတို့ထဲ ၇၅% က ကောင်းကောင်း သိပ်မစီးဖြစ်ကြကြောင်း သုတေသနက ဖော်ပြထားပါတယ်။
Credit : Trend Myanmar
No comments:
Post a Comment