
ဟောလိဝုဒ် မင်းသား ဘန်အက်ဖလက်က ၎င်း၏ ဘဝဇာတ်ကြောင်းမှတ် တမ်းတင်ရုပ်ရှင်၌ မိသားစုသမိုင်း ကြောင်းနှင့်ပတ်သက်သော အသေးစိတ်များ ချန်လှပ်ထားပေး ရန် တောင်းဆိုခဲ့သည်ဟု သတင်း များထွက်လျက်ရှိသည်။
ဘန်အက်ဖလက်သည် PBS ရုပ်သံအစီအစဉ်တစ်ခုဖြစ် သော Finding Your Roots အစီ အစဉ်၌ တင်ဆက်မည့် ၎င်း၏ ဘဝဇာတ်ကြောင်းမှတ်တမ်းတင် ရုပ်ရှင်တွင် ကျွန်ပိုင်ရှင်ဘိုးဘေး ဘီဘင်များအကြောင်း အသေး စိတ်ကို ချန်လှစ်စေချင်ခဲ့သည်။
ဘန်အက်ဖလက်က ဘိုး ဘွားများ ကျွန်ပိုင်ရှင်ဖြစ်လာပုံ အသေးစိတ်အခြေအနေများကို ဖော်ပြခြင်းမပြုရန် Finding Your Roots အစီအစဉ်ထုတ်လုပ်သူ များထံ တောင်းဆိုခဲ့သည်ဟု သတင်းများပေါ်ထွက်လျက်ရှိ သည်။
ဘန်အက်ဖလက်သည် ယင်း သို့တောင်းဆိုခဲ့သည်ဟူသော သတင်းများမှာ Sony Entertain-ment ကုမ္ပဏီအလုပ်အမှုဆောင် အရာရှိ မိုက်ကယ်လင်တန်နှင့် Finding Your Roots အစီအစဉ် တင်ဆက်သူ ဟင်နရီလူးဝစ်ဂိတ် ဂျူနီယာတို့အကြား အပြန်အလှန် ပေးပို့သည့် အီးမေးလ်ပေါက်ကြား ရာမှထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းအီးမေးလ်ထဲတွင် မိုက် ကယ်လင်တန်က အစီအစဉ်တင် ဆက်သူဂိတ်အား ဘန်အက် ဖလက်၏ ကျွန်ပိုင်ရှင်ဘိုးဘွား များအကြောင်း ချန်ထားပေးရန် တိုက်တွန်းသည့် အဓိပ္ပာယ်မျိုး သက်ရောက်သောစာသားများ ပါဝင်နေသည်။ သို့သော် ဂိတ်က ယင်းတောင်းဆိုမှုကို ‘‘ကျွန်တော် တို့တွေ ဆင်ဆာတံခါးကိုတစ် ကြိမ်ဖွင့်လိုက်မယ်ဆိုရင် ဂုဏ် သတင်းထိန်းသိမ်းမှုကို ဆုံးရှုံး သွားပါလိမ့်မယ်’’ဟု ပြန်လည် ပြောကြားခဲ့သည်။
သို့ရာတွင် ယင်းအစီအစဉ် သည် ယခုအချိန်ထိ ဘန်အက် ဖလက်၏ ကျွန်ပိုင်ရှင်ဘိုးဘွားများ နှင့်ပတ်သက်သော သတင်းများ ကို ဖော်ပြခြင်းမရှိသေးပေ။
—Ref: Contactmusic
http://7daydaily.com/story/35485#.VTVc4JOIXao
No comments:
Post a Comment