Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 20, 2015

အိမ်ဖြူတော် ခြံစည်းရိုး ကျော်တက်သူ တစ်ဦးကို အမေရိကန် လုံခြုံရေး တပ်ဖွဲ့များ ဖမ်းဆီး



ဧပြီ ၁၉ ရက် ညပိုင်းက အိမ်ဖြူတော် ခြံစည်းရိုးကို ကျော်ဝင်ရန် ကြိုးစားခဲ့သူတစ်ဦးကို အမေရိကန် လုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
အမေရိကန်သမ္မတ၏ လုံခြုံရေးကို အဓိက တာဝန်ယူရသည့် လျှို့ဝှက်ထောက်လှမ်းရေးဌာနက အိမ်ဖြူတော်၏ တောင်ဘက်ခြမ်းရှိ ခြံစည်းရိုးကို ကျော်ဝင်ရန် အားထုတ်သူအား ထိန်းသိမ်းခဲ့ကြောင်း အတည်ပြုခဲ့သည်။ ၎င်းသည် ဝါရှင်တန် စံတော်ချိန် ည(၁၀)နာရီခွဲခန့်တွင် အိမ်ဖြူတော် ခြံစည်းရိုးကို ကျော်တက်ခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးများက ဖမ်းဆီးမိချိန်တွင် အဆိုပါ အမျိုးသားသည် အထုပ်တစ်ထုပ်ကို သယ်ယူလာသော်လည်း အန္တရာယ် ပြုနိုင်သည့်ပစ္စည်း တစ်စုံတစ်ရာ မပါဝင်ခဲ့ဟု သိရသည်။ လျှို့ဝှက်ထောက်လှမ်းရေးဌာန၏ ပြောရေးဆိုခွင့်ရ အရာရှိ ဘရိုင်ယန် လီရီက မိမိတို့ ထိန်းသိမ်းထားသူအနေဖြင့် အိမ်ဖြူတော် ခြံစည်းရိုးကို ကျော်ဝင်ရန် အဘယ်ကြောင့် အားထုတ်သည် ဆိုခြင်းကို စစ်ဆေးနေဆဲဟု ပြောကြားခဲ့သည်။
အိမ်ဖြူတော်၏ စည်းရိုးကာရံထားမှု လုံခြုံရေးစံနှုန်းသည် ယမန်နှစ်မှ စတင်ကာ မေးခွန်းထုတ်စရာ အခြေအနေများ ကြုံခဲ့ပြီး ထိုစဉ်က အမျိုးသားတစ်ဦးသည် မြောက်ဘက်စည်းရိုးကို ကျော်တက်ကာ မြက်ခင်းကို ဖြတ်ပြေးပြီး အိမ်ဖြူတော် အဆောက်အအုံ အပေါက်ဝထိ ချဉ်းကပ်နိုင်ခဲ့ဖူးသည်။
_Ref: Washingtonpost

http://7daydaily.com/story/35487#.VTVcI5OIXao

No comments:

Post a Comment