Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 13, 2015

အီဘိုလာရောဂါမှ သက်သာပျောက်ကင်းသွား သူများတွင် မျက်လုံးနှင့် အရိုးအဆစ် ကျန်းမာရေး ချို့ယွင်း



 အီဘိုလာရောဂါ မှ သက်သာ ပျောက်ကင်း သွားသူများတွင် မျက်လုံးနှင့် အရိုး အဆစ် ကျန်းမာရေး ချို့ယွင်းမှု အဖြစ်များနေပြီး အီဘိုလာ ဖြစ်ပွားကာ သက်သာ ပျောက်ကင်း သွားသူ တစ်ဦးနှင့် သံဝါသ ပြုလုပ်မိ ရာမှ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှု ခံရသည့် အထောက်အထား ကိုလည်း တွေ့ရှိရသည့် အတွက် အီဘိုလာ ရောဂါသည် ကမ္ဘာကို ခြိမ်းခြောက် နေဆဲ ဖြစ်သည်ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ထုတ်ပြန် ကြေညာ ထားသည်။ ယမန်နှစ် မတ်လက စတင် ဖြစ်ပွားခဲ့သော အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှု ကြီးကို ၂ဝ၁၅ ခုနှစ် အစောပိုင်း ကာလမှ စတင်ကာ ထိရောက်စွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သော်လည်း နောက်ဆက်တွဲ အန္တရာယ်မှာ ကြီးမား နေသေးကြောင်း၊ ဆီယဲရား လီယွန်၊ လိုက်ဘေးရီးယား၊ ဂီနီ တို့တွင် အီဘိုလာ ဖြစ်ပွားပြီး သက်သာ ပျောက်ကင်း သွားသူများ၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို စောင့်ကြည့် သွားရန် အထူး ဆေးခန်းများ ဖွင့်လှစ်ရန် ကြိုးပမ်း နေပြီဖြစ်ကြောင်း WHO မှ တာဝန်ရှိ သူများက ထပ်ဆင့် ထုတ်ပြန် ကြေညာသည်။ အီဘိုလာ ပျောက်ကင်း သွားသော လူနာများသည် အမြင်အာရုံ ချို့တဲ့ခြင်း၊ အရိုးအဆစ် နာကျင်ခြင်း၊ အမြဲနုံးချည့် နေခြင်း အစရှိသည့် ဝေဒနာများကို နာတာရှည် ခံစားနေရပြီး လွန်လေပြီးသော ကူးစက်မှု အကြိမ်ကြိမ်က အီဘိုလာ ဗိုင်းရပ်စ် ကြောင့် ယခုကဲ့သို့ နာတာရှည် ခံစားရခြင်းမျိုး မရှိခဲ့ဖူးကြောင်း WHO ၏ လက်ထောက် ညွှန်ကြားရေးမှူးချုပ် က ပြောသည်။ ထို့ကြောင့် အဆိုးဆုံး သုံးနိုင်ငံတွင် အထူး ကျန်းမာရေး စင်တာများကို ဖွင့်လှစ် ထားရှိကာ အီဘိုလာ အလွန် ကျန်းမာရေး ပြဿနာများကို ဆက်လက် စောင့်ကြည့်လေ့လာ သုတေသန ပြု မှတ်တမ်းတင် အဖြေရှာ သွားမည် ဖြစ်ကြောင်း၊ လိင်ဆက်ဆံ ခြင်းကြောင့် မဖြစ်စေရန် WHO ၏ အစီအစဉ် ဖြင့် အီဘိုလာ သက်သာ ပျောက်ကင်း သွားသူများ၏ သုက်သွေးတွင် ရက် ၉ဝ နောက်ပိုင်း အီဘိုလာ ဗိုင်းရပ်စ် ကျန်ရှိ နေသေးခြင်း ရှိ၊မရှိ စစ်ဆေး သွားနိုင်ရန် ကြိုးပမ်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယခုတစ်ကြိမ် အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှုခံရသူ ၂၅၅၃၂ ဦးရှိခဲ့ပြီး ၁ဝ၅၈၄ ဦး သေဆုံး ခဲ့ကြောင်း WHO က ထုတ်ပြန် ထားသည်။

 #PyiChitThar

No comments:

Post a Comment