CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, April 13, 2015
သမိုင်းတွင်လောက်သည့် မိုးခေါင်ရေရှားမှုကြောင့် ကယ်လီဖိုးနီးယား ပြည်နယ်မှ ဂေါက်ကွင်းများ ရေအခက်ကြုံ
သမိုင်း တွင်လောက်အောင် မိုးခေါင်မှုကြီး ကြုံတွေ့ နေရသော ကာလီဖိုးနီးယား ပြည်နယ်တွင် ဂေါက်ကွင်းပေါင်း ၉၁၄ ကွင်းတို့မှာ ရေရှည်တွင် မျက်စိတစ်ဆုံး မြက်ခင်း စိမ်းစိမ်းများ မြင်ရရန် မလွယ်ကူ တော့၍ အရိပ်ခိုနား စရာ သစ်ပင်ကြီးများ နေရာတွင် အခြား ရွှေ့ပြောင်း စိုက်ထားနိုင်သော အပင်များ အစားထိုး နေရာချပေး နေရကြောင်း သိရသည်။ ယခု ရက်သတ္တပတ် အတွင်း ကာလီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်း ၏ ပထမဆုံး အကြိမ် ရေသုံးစွဲမှုနှင့် ပတ်သက်၍ ကြေညာချက် ထွက်လာခြင်း ကလည်း ဂေါက်ကွင်းများတွင် အပြောင်းအလဲ များခြင်း တွေ့လာရခြင်း ဖြစ်သည်။ ရေနှင့် ပတ်သက်၍ ထုတ်ပြန် လိုက်သော ဥပဒေတွင် တက္ကသိုလ် ကျောင်းများ၊ ဂေါက်ကွင်းများ၊ သင်္ချိုင်းများနှင့် အခြားနေရာများ တွင် ရေပေးနေမှု (သို့မဟုတ်) ရေသုံးစွဲမှု ၂၅ ရာခိုင်နှုန်း လျော့ချရန် ကန့်သတ်လိုက်ခြင်း တို့ကြောင့် ရေကို ပေါပေါများများ သုံးစွဲ နေရသော ဂေါက်ကွင်းများ၌ အခက်ကြုံ လာရခြင်း ဖြစ်သည်။
#PyiChitThar
သမိုင်းတွင်လောက်သည့် မိုးခေါင်ရေရှားမှုကြောင့် ကယ်လီဖိုးနီးယား ပြည်နယ်မှ ဂေါက်ကွင်းများ ရေအခက်ကြုံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 13, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment