CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, April 13, 2015
ဗြိတိန်နိုင်ငံ၌ ယခုရက်သတ္တပတ်အတွင်း သွေးမိုးရွာမည်
ဗြိတိန်နိုင်ငံရှိ ဒေသများ အတွင်း၌ ယခု ရက်သတ္တပတ်ကုန် အတွင်း သွေးမိုး ရွာသွန်းဖွယ် ရှိကြောင်း မိုးလေဝသ ခန့်မှန်း သူများက ပြောကြား ထားကြောင်း သိရသည်။ ဆာဟာရ ကန္တရမုန်တိုင်း ကြောင့် ဗြိတိန်ကျွန်း၌ ဖုန်မှုန့်ပါသော မိုးရွာသွန်းမည် ဖြစ်ကြောင်း၊ အင်္ဂလန် အရှေ့ပိုင်းနှင့် အရှေ့ တောင်ပိုင်းတွင် မိုးရွာသွန်း ပြီးနောက် လေထုနှင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု အဆင့် မြင့်မား လာနိုင်ဖွယ် ရှိကြောင်းနှင့် အဆိုပါ သွေးမိုးမှာ ကုန်းမြေများ ပေါ်သို့လည်း ရွာသွန်း လာနိုင်ဖွယ် ရှိကြောင်း သိရသည်။ ဗြိတိန်နိုင်ငံ အတွင်း သွေးမိုးရွာမှု ဖြစ်ရပ်သည် အချိန်ပိုင်းမျှသာ ဖြစ်သော်လည်း အညိုရောင် အဆင်းရှိ မိုးများ ရွာသွန်းသည့် နယ်မြေ အချို့၌မူ အချိန် အတော်ကြာ ရွာသွန်း၍ အဝတ်အစား များကိုပင် စွန်းထင်း စေနိုင်ကြောင်း သိရသည်။ ထို့ကြောင့် နှလုံးနှင့် အဆုတ်ရောဂါ ဝေဒနာရှင်များ အနေဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ် နေစဉ်အတွင်း ဂရုတစိုက် နေထိုင် သင့်ကြောင်းနှင့် အသက်အရွယ် ကြီးရင့်သူ များမှာလည်း အပြင်သို့ သွားလာခြင်းကို ရှောင်ကြဉ် သင့်ကြောင်း ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိ သူများက အကြံပြု ပြောဆို ထားကြောင်း သိရသည်။
'Blood rain' to fall on Britain as red Saharan dust blows in from Africa
#PyiChitThar
ဗြိတိန်နိုင်ငံ၌ ယခုရက်သတ္တပတ်အတွင်း သွေးမိုးရွာမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 13, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment