Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 18, 2015

ရွှေကျင်ဂိုဏ်းက ဒေါ်အောင်ဆန်းစုကြည်ကို သံဃာ့မိခင်ဘွဲ့ချီးမြှင့်


Saturday, April 18, 2015
ရန်ကုန် (မဇ္ဈိမ) ။ ။ ရွှေကျင်သာသနာပိုင် သံဃာဂိုဏ်းက ပစ္စည်းလေးပါးဒါယိကာ၊ သံဃာမိခင်ဘွဲ့ဖြစ်သည့် စတုပစ္စယ သံဃာ့မာတာ ဘွဲ့တံဆိပ်ကို အပ်နှင်းလိုက်ကြောင်း ရွှေကျင်သာသနာပိုင်ဆရာတော်၊ ဘဒ္ဒန္တအဂ္ဂိယက ဧပြီလ ၁၈ရက်တွင် မဇ္ဈိမသို့ မိန့်ကြားသည်။
"အင်မတန်ကြီးကျယ်တဲ့ ဘွဲ့ပါ၊ သံဃာတွေရဲ့မိခင်ဆိုတာ၊ အဲဒီဘွဲ့ကို ပေးအပ်ခဲ့တာ၊ အဓိကက ပစ္စည်းလေးပါးကို သံဃာတွေအတွက် မိခင်အဖြစ် ထောက်ပံပေးတဲ့ အဓိပ္ပါယ်ရှိတယ်" ဟု ဘဒ္ဒန္တအဂ္ဂိယ က မိန့်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၂၇၊ ၂၈နှင့် ၂၉ ရက်ထိ သုံးရက်ကြာ မှော်ဘီမြို့နယ်တွင်း ပြုလုပ်သည့် ၁၉ကြိမ်မြောက် ရွှေကျင်သာသနာပိုင် သံဃာ့အစည်းအဝေးက ဆုံးဖြတ်ကာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘွဲ့သည် သာသနာရေးအတွက် အကျိုးပြုခြင်း၊ နိုင်ငံရေးအတွက် သာသနာကို အသုံးချကာ ဆောင်ရွက်ခြင်းမရှိခြင်း စသည့် အချက်များအပေါ် မူတည်ကာ ရွှေကျင်သာသနာပိုင်ဂိုဏ်းဝင် သံဃာတော်များ အားလုံး၏ ဆုံဖြတ်ချက်ဖြင့် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"ရွှေကျင်သာသနာပိုင်သံဃာ့ဂိုဏ်းမှ ချီးမြှင့်တာနဲ့ ပက်သက်ပြီး စာပေးပို့တာတို့ အကြောင်းကြားတာတို့ မရသေးဘူး၊ မသိသေးပါဘူး" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ်တွင်းမှ စတင်ခဲ့သည့် ပဋိပက္ခများတွင် ဝင်ရောက် ပြောဆို၊ ဖြေရှင်းမှုများမရှိဟု ဆိုကာ ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ လူမူကွန်ယက်အပါအ၀င် အခြား လူမူကွန်ယက် ဝက်ဆိုဒ်များ၊ တရားဟောပြောသည့် နေရာများတွင်ပါ ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်မှုများလည်း ရှိနေသည်။
Mizzima

No comments:

Post a Comment