CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, April 18, 2015
နိုင်ငံပေါင်းစုံ ပတ်စပို့များ၏အဆင့်အတန်းကို သတ်မှတ်ဖော်ပြ
ကမ္ဘာ့နိုင်ငံအသီးသီး၏ ပတ်စပို့ နိုင်ငံကူးလက်မှတ်များ၏ အဆင့်အတန်းကို ဘဏ္ဍာရေး အကြံပေးလုပ်ငန်းတစ်ခုဖြစ်သော အာတန်ကက်ပီတယ်လ်က ကိန်းဂဏန်းဖြင့် သတ်မှတ်ဖော်ပြလိုက်ပါသည်။ ပြည်ဝင်ခွင့် ဗီဇာမလိုအပ်ဘဲ သွားလာနိုင်သော တိုင်းပြည်အရေအတွက်ပေါ် မူတည်၍ တန်ခိုးအထွားဆုံး ပတ်စပို့များမှစ၍ မျက်နှာအငယ်ရဆုံး ပတ်စပို့များအထိ ခွဲခြားသတ်မှတ်ခဲ့သည်။ နိုင်ငံတကာ ပတ်စပို့များကို အဆင့်အတန်း သတ်မှတ်ဖော်ပြရာတွင် အမေရိကန် ပြည်ထောင်စုနှင့် ယူကေနိုင်ငံတို့သည် ဗီဇာမလိုအပ်ဘဲ သွားလာနိုင်သော နိုင်ငံ ၁၄၇ ခုဖြင့် နံပါတ် ၁ ဖြစ်ပါသည်။နိုင်ငံတကာ ပတ်စပို့များကို အဆင့်အတန်း သတ်မှတ်ဖော်ပြရာတွင် အမေရိကန် ပြည်ထောင်စုနှင့် ယူကေနိုင်ငံတို့သည် ဗီဇာမလိုအပ်ဘဲ သွားလာနိုင်သော နိုင်ငံ ၁၄၇ ခုဖြင့် နံပါတ် ၁ ဖြစ်ပါသည်။အမေရိကန် ပြည်ထောင်စုနှင့် ယူကေ ပတ်စပို့များသည် ကြိုတင်ဗီဇာ မလိုအပ်ဘဲ ဝင်ထွက်နိုင်သော တိုင်းပြည် ၁၄၇ ခုဖြင့် နံပါတ် ၁ ဖြစ်သည်။ ပြင်သစ်၊ တောင်ကိုရီးယားနှင့် ဂျာမနီတို့သည် ဗီဇာမလိုသော တိုင်းပြည် ၁၄၅ ခုဖြင့် ဒုတိယ၊ အီတလီနှင့် ဆွီဒင်သည် တတိယ၊ စင်ကာပူ၊ ဂျပန်၊ ဒိန်းမတ်၊ ဖင်လန်၊ လူဇင်ဘော့ဂ်၊ နယ်သာလန်တို့သည် စတုတ္ထနှင့် ဆွစ်ဇာလန်သည် ပဉ္စမ လိုက်သည်။ ၎င်းအဆင့်အတန်းသတ်မှတ်ချက်အရ မျက်နှာအငယ်ရဆုံး ပတ်စပို့များမှာ မြန်မာ၊ ဆိုလိုမွန်ကျွန်းများနိုင်ငံ၊ တောင်ဆူဒန်၊ ဆောင်တိုမီနှင့် ပရင့်စပီနိုင်ငံ၊ ပါလက်စတိုင်းနယ်မြေတို့ ဖြစ်ကြ၏။ ၎င်းနိုင်ငံနှင့် အုပ်ချုပ်ရေးနယ်မြေများသည် ဗီဇာမလိုဘဲ သွားလာနိုင်သော နိုင်ငံ ၂၈ ခုသာရှိ၍ အဆင့် ၈၀ ဖြင့် အနိမ့်ဆုံး ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံနှင့် နယ်မြေများသည် စာရင်း၏ ထိပ်ပိုင်းသို့ တက်လာကြသည်။ ဟောင်ကောင်သည် အဆင့် ၁၁၊ အာဂျင်တီးနားနှင့် အစ္စရေးလ်သည် ၁၆၊ ဘရာဇီးလ်သည် ၁၇၊ မက္ကဆီကိုသည် ၂၂ ဖြစ်သည်။ နိုင်ငံရေးလွတ်လပ်ခွင့် နည်းပါးသော ရုရှားပြည်ထောင်စုမှာ ၃၅ နှင့် တရုတ်နိုင်ငံသည် ၄၅ တွင်သာ အလယ်အလတ်ဆင့်တွင် ရှိကြသည်။ ပတ်စပို့ ထုတ်ပေးသော သက်ဆိုင်ရာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတို့အပေါ် မူတည်ကာ ဗီဇာလိုအပ်ချက် အဆင့်အမျိုးမျိုး ကွဲပြားပါသေးသည်။ အချို့ပတ်စပို့များအတွက် ဆိုက်ရောက်ဗီဇာ အလွယ်တကူ ထုတ်ပေးသော်လည်း၊ အချို့ပတ်စပို့များသည် ကြိုတင်လျှောက်ရခြင်း၊ ဗီဇာကြေး ပေးရခြင်း၊ ပိုင်ဆိုင်မှု ငွေကြေးနှင့် ပစ္စည်း အထောက်အထား တင်ပြရခြင်း၊ အာမခံကြေး တင်သွင်းရခြင်း၊ နိုင်ငံသား သို့မဟုတ် ကုမ္ပဏီ၊ အဖွဲ့အစည်းများထံမှ ဖိတ်ကြားစာ တင်ပြရခြင်း စသည့် ရှုပ်ထွေးပွေလီသော ကန့်သတ်ချက်များ ရှိသည်။ တန်ခိုးကြီးသော ပတ်စပို့ကိုင်ဆောင်သူများသည် လွတ်လပ်စွာ နိုင်ငံတကာ ခရီးဆန့်၍ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းဆောင်တာများ လုပ်ဆောင်ခြင်းဖြင့် ကြီးပွားတိုးတက်နိုင်သော အခွင့်အလမ်း များပြားပါသည်။ မျက်နှာငယ်ရသော ပတ်စပို့ ကိုင်ဆောင်ရသည့် နိုင်ငံသားများမှာ သူတကာထက် နှစ်ဆသုံးဆ ပိုမိုကြိုးစားအားထုတ်ကြရပေသည်။ ပတ်စပို့ အဆင့်အတန်း ညွှန်းကိန်းဖြင့် သတ်မှတ်ဖော်ပြသည့် အင်တာနက်စာမျက်နှာသို့ သွားကြည့်လိုလျှင် ကလစ်ခ်လုပ်ပါ။
http://kabarthit.com/index.php?option=com_content&view=article&id=626:2015-04-16-17-31-23&catid=8:2013-10-13-17-09-02&Itemid=214
နိုင်ငံပေါင်းစုံ ပတ်စပို့များ၏အဆင့်အတန်းကို သတ်မှတ်ဖော်ပြ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 18, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment