Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 4, 2015

မြန်မာလုပ်သားများ လစာနည်းရခြင်းမှာ နိုင်ငံမတူညီခြင်းကြောင့်ဟု PTTEP ကြေညာချက်ထုတ်


Wednesday, March 4, 2015
လေဆီမီးရှို့မှုကို အဆင့် သုံးဆင့်ဖြင့် ဖြေရှင်းပေးမည်ဖြစ် ပြီး မြန်မာ့လုပ်သားများ လစာ နည်းပါးရခြင်းမှာ နိုင်ငံမတူညီ ခြင်းကြောင့်ဟု ထိုင်းရေနံကုမ္ပဏီ PTTEP က မတ်လ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အထက်ပါ ထိုင်းကုမ္ပဏီ သည် လေဆီမီးရှို့ခြင်းအပါအ၀င် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များ ပြုလုပ်ခြင်းနှင့် မြန်မာဝန် ထမ်းများကို ခွဲခြားဆက်ဆံခြင်း များရှိသည်ဟုဆိုကာ မြန်မာ့လုပ် သားများက ဆန္ဒပြနေခြင်းအပေါ် ကုမ္ပဏီဘက်က ယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်သည်။
မြန်မာဝန်ထမ်းများ လစာ နည်းပါးရခြင်းမှာ တိုင်းပြည်မတူ ညီခြင်း၊ လူနေမှု ကုန်ကျစရိတ် ကွာခြားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် လေဆီမီးရှို့ခြင်း တို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နေမှုများနှင့် ပတ်သက်၍ လက်ရှိတွင် သတ်မှတ်စံနှုန်းအ တိုင်း မီးရှို့မည်ဖြစ်ပြီး နောက်ပိုင်း ၌ ကုန်းပေါ်သို့ စုဆောင်းပို့ ဆောင်ကာ မြေမြှုပ်မည်ဟု ဆိုသည်။ လုပ်ငန်းအဆင့်ဆင့်ကို မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) သို့ တင်ပြထားသည်ဟု ထိုင်းကုမ္ပဏီညာချက်တွင် ဖော်ပြထားသည်။
‘‘နိုင်ငံဝင်ငွေ မတူလို့ လစာ မတူဘူးဆိုတာ လက်မခံပါဘူး။ လစာက GDP တစ်ခုတည်းနဲ့ လည်း မဆိုင်ပါဘူး။ သူတို့ပြော သလို အလုပ်သမားဥပဒေတွေ၊စည်းမျဉ်းတွေ လိုက်နာတယ်ဆို တွေ့ဆုံဆွေးနွေးရေးကို ဘာလို့လက်မခံတာလဲ၊ ဘာလိုတစ်ဖက်သတ်ကြေညာချက်ထုတ် တာလဲ’’ဟု ယင်းကုမ္ပဏီမှ မြန်မာလုပ်သားခေါင်းဆောင်က ပြောသည်။
သဘာဝပတ်ဝန်းကျင်တွင် လည်း လေဆီမီးရှို့မှုတစ်ခု တည်းကိုသာ အဓိကထားပြီး ပြောနေသော်လည်း အခြားစွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့ စွန့်ပစ်နေကြောင်း၊ ယခု MOGE သို့ ပေးထားသည့် ကတိများတည်၊ မတည်ကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အထက်ပါ ထိုင်းကုမ္ပဏီ သည် ပင်လယ်ပြင်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများပြုလုပ်နေပြီး ယင်းအချက်ကို ထောက်ပြသည့် မြန်မာဝန်ထမ်းများကို လစာတိုးနှုန်းလျှော့ခြင်း အပါအ၀င် ခွဲခြားဆက်ဆံခဲ့သည်ဟု မြန်မာဝန်ထမ်းက ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး ယင်းကိစ္စများကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ တောင်းဆိုချက်များကို ကုမ္ပဏီဘက်ကမလိုက်လျောသဖြင့် မြန်မာဝန်ထမ်းများက ဖေဖော်ဝါရီ ၂၀ ရက်တွင် မြန်မာ-ထိုင်း အလံတံဆိပ်များဝတ်ဆင်ပြီး ဆန္ဒပြခဲ့သည်။
လက်ရှိ အလုပ်သမား ဆန္ဒ ပြနေမှုများကို MOGE က တစ်စုံ တစ်ရာ ၀င်ရောက် ဖြေရှင်းပေး မည်မဟုတ်ဘဲ အလုပ်ခန့်စဉ်က စာချုပ်ချုပ်ထားမှုများ ရှိနေပြီး ယင်းစာချုပ်များအတိုင်း နစ်နာမှုရှိနေပါက အလုပ်သမားရုံးသို့ တိုင်ကြားဖြေရှင်းရန် လိုအပ် ကြောင်း ကမ်းလွန်ရေနံညွှန်ကြား ရေးမှူးဦးသန်းထွန်းက ပြောကြားသည်။
7Day Daily

No comments:

Post a Comment