Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 4, 2015

ဂျီဟတ်ဂျွန်ကိုသေစေလိုကြောင်း မိသားစုဝင်များပြော


Wednesday, March 4, 2015
လန်ဒန် မတ် ၃ IS အဖွဲ့မှ ခေါင်းဖြတ်လူသတ်သမား ဂျီဟတ်ဂျွန်(ခေါ်) မိုဟာမက်အမ်ဝါဇီကို မိဘများက မှတ်မိသွားခဲ့ပြီးနောက် မိသားစုဆွေမျိုးများက ၄င်းကို သေစေ လိုကြောင်းပြောသည်ဟု ဒေးလီးမေးလ် သတင်းဌာနက ယနေ့ဖော်ပြထားသည်။ ဂျီဟတ်ဂျွန်၏မိခင် ဂန်နီယာအမ်ဝါ ဇီသည် ယမန်နေ့ကကြည့်ခဲ့သည့် IS အဖွဲ့၏ ခေါင်းဖြတ်ဗီဒီယိုတစ်ခုတွင် သားဖြစ်သူကို မှတ်မိသွားခဲ့ခြင်းဖြစ် ကြောင်း ပြောသည်။ ဂျီဟတ်ဂျွန်၏ မိခင်နှင့်ဖခင်သည် ကူဝိတ်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး ဂျီဟတ်ဂျွန်ကိုမှတ်မိ ကြောင်း အတည်ပြုခဲ့သည့်နောက် ကူဝိတ် လုံခြုံရေးအရာရှိများက ၄င်းတို့နှစ်ဦးကို စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မိခင်နှင့်ဖခင်မဟုတ်သည့် ဂျီဟတ် ဂျွန်၏အခြားသော မိသားစုဝင်များကမူ ဂျီဟတ်ဂျွန်၏လုပ်ရပ်များကို ပြင်းထန် စွာရှုတ်ချပြီး ဂျီဟတ်ဂျွန်ကို သေစေလို ကြောင်း ပြောကြားသည်ဟု ဒေးလီး မေးလ်က ဖော်ပြထားသည်။ 'ကျွန်တော်တို့ သူ့ကို မုန်းပါတယ်၊ မကြာခင် အသတ်ခံရဖို့ မျှော်လင့်ပါ တယ်၊ သူအသတ်ခံရခြင်းက ကျွန်တော် တို့မိသားစုအတွက် သတင်းကောင်း တစ်ခုဖြစ်လာမှာပါ'ဟု အမည်မဖော်လို သည့် ဂျီဟတ်ဂျွန်၏ မိသားစုဝင်တစ်ဦး က ပြောသည်။ ဂျီဟတ်ဂျွန်သည် ဇာတိမြေကူဝိတ်မှနေ၍ လန်ဒန်မြောက် ပိုင်းသို့ အသက် (၆) နှစ်အရွယ်တွင် ရွှေ့ ပြောင်းခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် သီတင်း ပတ်တွင် ၄င်း၏သရုပ်မှန်ကို ထောက်လှမ်း ရေးအဖွဲ့များက အတည်ပြုပြီး အမေရိကန်၊ ဗြိတိန်၊ ဂျပန်နိုင်ငံသားများနှင့် ဆီးရီးယား စစ်သားများကို ခေါင်းဖြတ်သတ်ခဲ့သည့် မျက်နှာဖုံးစွပ်လူသတ်သမားဖြစ်ကြောင်း ထုတ်ဖော်နိုင်ခဲ့သည်။ ၄င်း၏ မိဘများကမူ လန်ဒန်မှနေ၍ ကူဝိတ်သို့ ပြန်လည်ရွှေ့ပြောင်းသွားခဲ့ သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ယမန်နေ့ တွင် ဂျီဟတ်ဂျွန်၏မိခင်သည် အမေရိကန် ဂျာနယ်လစ် ဂျိန်းဖိုလေကို ဂျီဟတ်ဂျွန်က ခေါင်းဖြတ်သတ်သည့် ဗီဒီယိုဖိုင်ကိုကြည့်ရှု စဉ် မှတ်မိသွားခဲ့ခြင်းဖြစ်သည်။ 'မိခင် ဖြစ်တဲ့သူက ဂျိန်းဖိုလေကိုသတ်တဲ့ဗီဒီယို ဖိုင်ကိုကြည့်ပြီး အမေရိကန်ကိုခြိမ်းခြောက် နေတဲ့ ဂျီဟတ်ဂျွန်ကို မှတ်မိသွားပါတယ်၊ ဂျိန်းဖိုလေကိုသတ်မယ်လို့ ဂျီဟတ်ဂျွန်က ပြောတဲ့အချိန် မိခင်ဖြစ်သူက စတင်တုန်လှုပ် ပြီး သွေးရူးသွေးတန်းနဲ့ အဲ့ဒါ ငါ့သားပဲ လို့ အကျယ်ကြီး အော်လိုက်ပါတယ်၊ ကျွန်တော်တို့အားလုံးလဲ သူ့ကိုကြည့် ရတာ ကြောက်ရွံ့မိပါတယ်'ဟု မိသားစု ဝင်တစ်ဦးက ပြောသည်။ ဂျီဟတ်ဂျွန်၏ မိသားစုဝင်များသည် ၂ဝ၁၃ ခုနှစ်တွင် ဂျီဟတ်ဂျွန်နှင့်နောက်ဆုံး အဆက်အသွယ်ရခဲ့ကြောင်း၊တူရကီနိုင်ငံ မှ ဖုန်းဆက်ခြင်းဖြစ်ပြီး ဆီးရီးယားသို့ ပရဟိတဝန်ထမ်းလုပ်ရန် သွားမည်ဟု ပြောကြောင်း သိရသည်။ လက်ရှိအချိန် တွင် ဂျီဟတ်ဂျွန်တက်ခဲ့သည့် လန်ဒန် အနောက်မြောက်ပိုင်းရှိ ကွင်တင်ကေ စတန်စာသင်ကျောင်းသည် ဂျီဟတ်ဂျွန် အပါအဝင် အကြမ်းဖက်သမားသုံးဦး ထွက်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
The Union Daily

No comments:

Post a Comment