အိန္ဒိယနိုင်ငံ ဗာရာဏသီ လေဆိပ်ကနေ ထွက်ခွာလာတဲ့ Solar Impulse 2 နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ဟာ မတ်လ ၁၉ ရက်နေ့ ည ၈ နာရီ လောက်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိ လာပါတယ်။
ဒေီနေ့ မတ်လ ၂၀ရက်နေ့မှာ ကျောင်းသူကျောင်းသားများ လာရောက် လေ့လာကြည့်ရှုကြသလို လေယာဉ်ခရီးစဉ်နဲ့ ပတ်သက်ပြီး မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်နဲ့ ပထမဆုံး ကမ္ဘာတပတ်ခရီးစဉ်ကို မတ်လ ၉
ရက်နေ့က ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ကနေ စတင်ခဲ့တာပါ။
မြန်မာနိုင်ငံပြီးရင် တရုတ်နိုင်ငံကနေတဆင့် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီး
အမေရိကန်နိုင်ငံ အဲ့ဒီကနေမှတဆင့် အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပြီး
ဥရောပတောင်ပိုင်းကနေ အဘူဒါဘီမြို့ကို ပြန်ဆိုက်မှာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - တာရာ
သတင်းဓာတ်ပုံ - တာရာ





No comments:
Post a Comment