ဗြိတိန်နဲ့ ဥရောပ မြောက်ပိုင်းက သန်းနဲ့ချီတဲ့လူတွေက မတ် ၂၀ ရက် မနက်ပိုင်းကနေ စတင်ပြီး နေကြတ် တာကို မြင်တွေနေရပြီ ဖြစ်ပါတယ်။
ဒီရှားပါး ဖြစ်စဉ်ကို လူတွေက စောင့်ကြည့်နေသလို နေကို တိုက်ရိုက်မကြည့်ဖို့လည်း သတိပေးထားပါတယ်။
နေကြတ်တဲ့အချိန်မှာနေကို တိုက်ရိုက်ကြည့်တာဟာ အလွန်အန္တရာယ်ရှိပေမယ့် အန္တရာယ်မဖြစ်ဘဲ ကြည့်ရှုနိုင် တဲ့ နည်းလမ်းတွေ လည်း ရှိနေပါတယ်။
ဗြိတိန်က အတော်များများကတော့ ၈၃ ရာခိုင်နှုန်းနီးပါးနေကြတ်တာကို မြင်တွေ့ရမှာ ဖြစ်သလို မနက်ပိုင်းမှာ အမှောင်ဆုံးအချိန်ကို ကြုံတွေရနိုင်တယ်လို့ သတင်းက ရေးပါတယ်။
ဒီလိုနေကြတ်တာကို ၂၀၂၆မှာ တကြိမ်ပြန်လည် မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။
နေစွမ်းအင်ကနေ လျှပ်စစ် မဂ္ဂါဝပ် သောင်းချီထုတ်ယူသုံးစွဲနေတဲ့ ဂျာမနီကလည်း အချိန် ၂ နာရီကျော်ကြာ နေကြတ်မယ့် ဖြစ်စဉ် အတွင်း လျှပ်စစ်ဓာတ်အားတွေ မပြတ်တောက်အောင် စီစဉ်ထားပါတယ်။
- ဓာတ်ပုံ (ရိုက်တာ)
No comments:
Post a Comment